SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား၌ ၄၉ ရက်အတွင်း ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက် ရုတ်တရက်ခုန်တက်

Thursday, 28 May 2020 09:03 font size decrease font size decrease font size increase font size increase font size

 

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယားနိုင်ငံ၌ ၄၉ ရက်အတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူအရေအတွက် ရုတ်တရက် ခုန်တက်သွားကြောင်း သိရသည်။

ဧပြီ ၈ ရက်တွင် တစ်ရက်တည်းကူးစက်ခံရသူ ၅၃ ဦးကိုတွေ့ရှိပြီးနောက် သီတင်းပတ်ခုနစ်ပတ်အကြာ မေ ၂၇ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ အယောက် ၄၀ ကိုတွေ့ရှိခြင်းဖြစ်သည်။

ဗိုင်းရပ် ကူးစက်မှုအများဆုံးဖြစ်သည့် နေရာမှာ ဆိုးမြို့ဆင်ခြေဖုံး  ဘူချွန်မြို့ရှိ ကူပင်းအွန်လိုင်း ကုန်သွယ်ရေး ကုမ္ပဏီ၏ ကုန်ပစ္စည်းသိုလှောင်ရုံ၌ဖြစ်ပြီး  ဗိုင်းရပ်ကူးစက်ခံရသူ ၃၆ ဦးရှိသည်။

ထိုသို့ဖြစ်ရသည့်  အကြောင်းရင်းမှာ အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိခြင်းကြောင့် ဖြစ်ကြောင်းနှင့်  လုပ်ငန်းခွင်၌ သီးသန့်ခွဲထားပြီးစောင့်ကြည့်မှုကိုမလုပ်ပါက ယခုထက်ပိုမိုသည့် ကူးစက်မှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း    ဒုတိယကျန်းမာရေးဝန်ကြီး    ကင်ဂန်းလစ်ကပြောသည်။

သို့သော် အဆိုပါကုမ္ပဏီမှပါဆယ်များကို လက်ခံရသူများအနေဖြင့်  ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေ အလွန်နည်းပါးကြောင်း တာဝန်ရှိသူများကပြောထားသည်။

တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါကို အကောင်းဆုံးထိန်းချုပ်နိုင်သည့် နိုင်ငံအဖြစ် သတ်မှတ် ခံထားရပြီး  ယခုအခါဗိုင်းရပ်ကူးစက်မှုလျော့နည်းသွားချိန်တွင် ဗိုင်းရပ်ကူးစက်မှုထိန်းချုပ်ရေး ချမှတ်ထားသည့်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးလိုက်ကာ စာသင်ကျောင်းများကိုလည်း သတ်မှတ်ချက်များဖြင့် ပြန်ဖွင့်ပေးလိုက်ပြီသည်။  

Read 46 times Last modified on Thursday, 28 May 2020 09:05