SJ WorldNews - шаблон joomla Авто

ဟောင်ကောင်၊ နိုင်ငံရေး ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြသူ အယောက် ၃၀၀ ကိုဖမ်းဆီး

Thursday, 28 May 2020 09:19 font size decrease font size decrease font size increase font size increase font size

 

ဟောင်ကောင်၊ နိုင်ငံရေး

တရုတ်အစိုးရက ဟောင်ကောင်ဒေသ၌ အမျိုးသားလုံခြုံရေးဥပဒေချမှတ်မည့်အပေါ် ဟောင်ကောင် ဒေသခံထောင်ပေါင်းများစွာက မေ ၂၇ ရက်တွင် ဆူပူဆန္ဒပြသောင်းကျန်းသည့်အတွက် ဟောင်ကောင် ရဲတပ်ဖွဲ့ ဝင်များက ဆန္ဒပြမှုကိုလူစုခွဲပြီး ဆူပူဆန္ဒပြသူအယောက် ၃၀၀ ကိုဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ဆူပူဆန္ဒပြသူများကို ငရုတ်ကောင်းစေ့များဖြင့်ပစ်ပြီး လူစုခွဲခြင်းဖြစ်သည်။ ထို့နောက် ဖမ်းဆီးထားသူများကို  လူသွားစင်္ကြံတွင်ထိုင်ခိုင်းကာ ရှာဖွေမှုများ လုပ်ဆောင်သည်။

ထို့ပြင် လွှတ်တော်အတွင်း ဥပဒေကြမ်းဆွေးနွေးမှုကို နှောင့်ယှက်ရန်စီစဉ်ထားသည့်ဆန္ဒပြသူများကို ဟန့်တားရန် ရဲတပ်ဖွဲ့ဝင်အများအပြားက လွှတ်တော်ပတ်ဝန်းကျင်၌ စောင့်ကြပ်လျက်ရှိသည်။

လွှတ်တော်အတွင်း ဆွေးနွေးနေသည့်ဥပဒေကြမ်းမှာ  တရုတ်နိုင်ငံတော်သီချင်းကို မထီလေးစား ပြုသူများကို ပြစ်မှုကျူးလွန်သူများအဖြစ်သတ်မှတ်မည့် ဥပဒေကြမ်းဖြစ်သည်။    ထိုဥပဒေကြမ်းကို လာမည့်လတွင် ဥပဒေအဖြစ် အသက်သွင်းနိုင်မည်ဟုမျှော်လင့်ရသည်။

တရုတ်အစိုးရသည်  ဟောင်ကောင်ဒေသအတွင်း ခွဲထွက်မှု၊ အဖျက်အမှောင့်လုပ်မှု၊ အကြမ်းဖက်မှု၊ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုတို့ကိုထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားလုံခြုံရေးဥပဒေကိုပြဋ္ဌာန်းရန် ပြင်ဆင်ခြင်းဖြစ်သည်။

အဆိုပါဥပဒေပြဋ္ဌာန်းရန်ပြင်ဆင်မှုနှင့်ပတ်သက်၍ အမေရိကန်အစိုးရက အရေးယူမှုများချမှတ်မည်ဟု    ပြောပြီးနောက် တရုတ်အစိုးရအနေဖြင့် ထိုဥပဒေပြဋ္ဌာန်းရေးတွင် ပြည်ပ၏ဝင်ရောက်စွက်ဖက်မှုများကို လိုအပ်သလိုတုံ့ပြန်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၇ ရက်တွင်ထုတ်ပြန်ထား သည်။

Read 52 times Last modified on Thursday, 28 May 2020 09:20