SJ WorldNews - шаблон joomla Авто

အာရှ-ပစိဖိတ်ဒေသ၌ ဗိုင်းရပ်ကူးစက်မှုမြင့်တက်  အိန္ဒိယ၌ ဗိုင်းရပ်ကူးစက်ခံရသူ တစ်သိန်းခွဲကျော် လာပြီဖြစ်

Thursday, 28 May 2020 09:24 font size decrease font size decrease font size increase font size increase font size

 

နယူးဒေလီ၊ ကျန်းမာရေး

အာရှ-ပစိဖိတ်ဒေသ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဆက်လက်မြင့်တက်နေစဉ် အိန္ဒိယနိုင်ငံ၌ မေ ၂၇ ရက်အထိ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း တစ်သိန်းခွဲကျော်လာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင်    အိန္ဒိယနိုင်ငံသည် မေ ၂၇ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ  စုစုပေါင်းမှာ ၁၅၄၃၆၉ ဦး၊ သေဆုံးသူ စုစုပေါင်း ၄၃၈၁ ဦးဖြင့်   ကမ္ဘာပေါ်တွင်ဗိုင်းရပ်ကူးစက်မှုအများဆုံးဒသမမြောက်နိုင်ငံ ဖြစ်လာ ပြီဖြစ်သည်။

မေ ၂၆ ရက်မှ ၂၇ ရက်အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ ၆၃၈၇ ဦးနှင့်  သေဆုံးသူ ၁၇၀ ကျော်ရှိသည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသည်။

အလားတူ အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်အတွင်းဗိုင်းရပ်ကူးစက်ခံရသူ ၆၈၆ ဦးနှင့် သေဆုံးသူ ၅၅ ဦးရှိ သည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၂၃၈၅၁ ဦး နှင့်သေဆုံးသူစုစုပေါင်း ၁၄၇၃ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌  မေ ၂၇ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၃၈၀ ရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း  ၁၅၀၄၉ ဦး အထိ  ရောက်ရှိလာကြောင်း သိရသည်။    

Read 49 times Last modified on Thursday, 28 May 2020 09:27