SJ WorldNews - шаблон joomla Авто

အမေရိကန်၌ လူမည်းအမျိုးသားတစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်သည့်ဆန္ဒပြမှု ပိုမိုပြင်းထန်လာ

Friday, 29 May 2020 10:49 font size decrease font size decrease font size increase font size increase font size

မင်နီယာပိုးလစ်၊ ပြည်တွင်းရေး

 

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီယာပိုးလစ်မြို့၌ ရဲအရာရှိတစ်ဦးက လူမည်းအမျိုးသား တစ်ဦးကို ပစ်သတ်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ မေ ၂၇ ရက် ညတွင်   ပြည်သူများ၏ဆန္ဒပြမှုမှာ ပိုမိုပြင်းထန်လာကြောင်း သိရသည်။

 

ဆန္ဒပြမှုဖြစ်ပွားသည့် ဒုတိယညတွင်လည်း အမျိုးသားတစ်ဦးသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်အတွက် ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများအကြား  ပဋိပက္ခဖြစ်ပွားပြီး ဆန္ဒပြသူများက စတိုးဆိုင်များကို ဖောက်ထွင်းကာ   မီးရှို့မှုများပြုလုပ်လာသည်။

 

ရဲတပ်ဖွဲ့က ရဲစခန်းတစ်ခု၏ခြံစည်းရိုးကို တွယ်တက်နေသောဆန္ဒပြသူများကို လူစုကွဲစေရန် မျက်ရည်ယိုဗုံးများကိုအသုံးပြုခဲ့ရသည်။

 

အဆိုပါရဲစခန်းသည် လူမည်းအမျိုးသား ဂျော့ဖလွိုင်းကို   သေနတ်ဖြင့်ပစ်သတ်သည်ဟု   စွပ်စွဲ ခံထားရသော ရဲအရာရှိ တာဝန်ထမ်းဆောင်နေသည့်နေရာဖြစ်သည်။

 

အမေရိကန်ရဲအရာရှိ၏လက်ချက်ကြောင့် အာဖရိက-အမေရိကန်နွယ်ဖွား လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ စိတ်ဆိုးဒေါသထွက်နေသော  ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ရော်ဘာ  ကျည်ဆန်များဖြင့်ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံး အသုံးပြုခြင်းဖြင့် လူစုခွဲရသည်။

 

ဂျော့ဖလွိုင်းသေဆုံးမှုဖြစ်ပွားရသည့်အခြေအနေဗီဒီယိုကို လူတစ်ဦးက ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးကာ ဖြန့်ဝေလိုက် ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ဆူပူအုံကြွမှု  များဖြစ်လာသည်။

 

လက်ထိပ်ခတ်ခံထားရပြီး  မြေပြင်တွင် ဝမ်းလျားမှောက်ထားရသော ဂျော့ဖလွိုင်း၏ လည်ပင်းကို ရဲအရာရှိတစ်ဦးက ဒူးခေါင်း ဖြင့်ထောက်ထားသည်ကို ၎င်းဗီဒီယိုဖိုင်တွင် တွေ့ရကြောင်း သိရသည်။

 

Read 59 times Last modified on Friday, 29 May 2020 10:52