SJ WorldNews - шаблон joomla Авто

ဘင်္ဂလားဒေ့ရှ်၌ နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရသူ ၂၅၂၃ ဦးဖြင့်အမြင့်ဆုံးရောက်ရှိ

Saturday, 30 May 2020 15:39 font size decrease font size decrease font size increase font size increase font size

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မေ ၂၉ ရက် တစ်ရက်တည်းမှာပင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၂၅၂၃ ဦးရှိသည့်အတွက် မတ် ၈ ရက်မှစ၍ နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရသူ ပမာဏအမြင့်ဆုံးသို့ ရောက်ရှိလာ သည်။

ယခုအခါ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၄၂၈၄၄ ဦးအထိရှိလာပြီဖြစ်သည်။ လက်ရှိတွင် နိုင်ငံအတွင်း ၌ဗိုင်းရပ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၈၂ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ ပါမောက္ခနာစီမာဆူတာနာက အွန်လိုင်းသတင်းစာတစ်ခုသို့ပြောသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်ကူး စက်မှုကြောင့် အမျိုးသမီးလေးဦးနှင့် အမျိုးသား ၁၉ ဦးအပါအဝင် ၂၃ ဦးသေဆုံး သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် ဗိုင်းရပ်ကူးစက်ခံရသည်ဟုသံသယရှိသူ ၁၁၃၀၁ ဦးကို တစ်နိုင်ငံလုံးရှိ ဓာတ်ခွဲခန်း ၄၉ ခုတွင် ဗိုင်းရပ်ကူးစက်မှုစမ်းသပ်ကြောင်း ၎င်းကဆက်ပြောသည်။

Read 41 times Last modified on Saturday, 30 May 2020 15:41