SJ WorldNews - шаблон joomla Авто

အိန္ဒိယတပ်မတော်က အကြမ်းဖက်သမားများကိုချေမှုန်းပြီး ဒုံးပစ်စင်များကိုပါ ဖျက်ဆီး လိုက်နိုင်

Tuesday, 02 June 2020 12:13 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ စစ်ရေး

အိန္ဒိယနိုင်ငံသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းသည့် အကြမ်းဖက်သမား ၁၀ ဦးကို အိန္ဒိယတပ်မတော်က ဇွန် ၁ ရက်တွင် ချေမှုန်းနိုင်ပြီး ဒုံးပစ်စင်များကိုပါ ဖျက်ဆီးလိုက် နိုင်ကြောင်းသိရသည်။

အိန္ဒိယစစ်သည်များသည် ပါကစ္စတန်နှင့်ပိုင်နက် အငြင်းပွားနေသည့် ဂျမူးနှင့် ကက်ရှ မီးယားနယ်စပ်တွင် အကြမ်းဖက်သမားများကို ချေမှုန်းလိုက်နိုင်ခြင်းဖြစ်ပြီး ထိုအကြမ်း ဖက်သမားများမှာ ပါကစ္စတန်နိုင်ငံအတွင်း လေ့ကျင့်ခဲ့သူများဖြစ်သည်ဟု အိန္ဒိယတပ်မ တော် သတင်းအရင်းအမြစ်များက ပြောသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား မေ ၂၈ ရက်တွင် နယ်စပ်၌ အပြန်အလှန် ပစ်ခတ်မှု များဖြစ်ပွားပြီးနောက် အိန္ဒိယတပ်မတော်က နိုင်ငံအတွင်း အကြမ်းဖက်သမားများ ထိုးဖောက်ဝင်ရောက်မှု စစ်ဆင်ရေးကို ဆက်လုပ်နေခြင်းဖြစ်သည်။

ပါကစ္စတန်ပိုင်နက် ကက်ရှမီးယားဒေသ၌ အကြမ်းဖက်သမားများကို လေ့ကျင့်ပေးသည့် စခန်းများနှင့် ဒုံးပစ်စင် ၁၅ ခုရှိနေပြီး အိန္ဒိယနိုင်ငံအတွင်းသို့ အကြမ်းဖက်သမားများ ထိုးဖောက်ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုများမှာ ပိုမိုမြင့်တက်လာနေကြောင်း အိန္ဒိယ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာဂျူးက ပြောသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါနှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ချိုးဖောက်မှု ၂၅၀၀ ကျော်ရှိကြောင်းနှင့် ဧပြီလတွင် နှစ်ဖက်ပစ်ခတ်မှုမြင့်တက်လာ ကြောင်းသိရသည်။

Ref: Sputnik

Read 43 times Last modified on Tuesday, 02 June 2020 12:17