SJ WorldNews - шаблон joomla Авто

ဂျော့ဖလွိုက်အသတ်ခံရခြင်းနှင့်ပတ်သက်သည့်ဆန္ဒပြမှု ဥရောပနိုင်ငံများသို့ကူးစက်

Tuesday, 02 June 2020 12:17 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ပြည်တွင်းရေး

အမေရိကန်၌ လူမည်းအမျိုးသား ဂျော့ဖလွိုက် အသတ်ခံရမှုနှင့် စပ်လျဉ်း၍ တစ်နိုင်ငံ လုံးတွင် ဆူပူအုံကြွမှုများ ဖြစ်ပွားနေပြီး ယခုအခါ အဆိုပါဆန္ဒပြမှုက ဥရောပနိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာကြောင်း သိရသည်။

လန်ဒန်မြို့၌ လူရာပေါင်းများစွာသည် ထရာဖယ်ဂါရင်ပြင်နှင့် အမေရိကန်သံရုံး အပြင် ဘက်၌ စုဝေးဆန္ဒပြကာ တရားမျှတမှုမရှိပါက ငြိမ်းချမ်းမှုမရှိဟု အော်ဟစ်ကြသည်။

ဘာလင်မြို့တွင်လည်း ဆန္ဒပြသူများက အသတ်ခံရသော လူမည်းအမျိုးသား ဂျော့ဖ လွိုက်နောက်ဆုံး ပြောဆိုခဲ့သည့် အသက်ရှူ၍မရတော့ကြောင်း ရေးသားထားသော စာတန်းများကို ကိုင်ဆောင်၍ ဆန္ဒပြသည်။

မေ ၂၅ ရက်တွင် လက်ထိတ်ခတ်ခံထားရပြီး မြေပြင်တွင် ဝမ်းလျားမှောက်ထားရသော ဂျော့ဖလွိုက်၏ လည်ပင်းကို ရဲအရာရှိတစ်ဦးက ဒူးခေါင်းဖြင့် ရှစ်မိနစ်ကျော်ထောက် ထားသည့်အတွက် အဆိုပါ လူမည်းအမျိုးသားသေဆုံးရာမှ ဆန္ဒပြမှုများ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

ဂျော့ဖလွိုက်သေဆုံးမှုနှင့် ပတ်သက်သည့် မင်နီယာပိုလစ်မြို့မှ ရဲအရာရှိလေးဦးကို အလုပ်မှထုတ်ပယ်ခဲ့သည်။ ဂျော့ဖလွိုက်၏ လည်ပင်းကိုဒူးဖြင့် ထောက်ခဲ့သော ရဲအရာ ရှိ ဒဲရတ်ချော်ဗင်ကိုမူ လူသတ်မှုနှင့် လူသေမှုတို့ဖြင့် တရားစွဲထားသည်။ ကျန်ရဲအရာရှိ သုံးဦးကိုမူ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ထားကြောင်း သိရသည်။

Ref: MSN

Read 38 times Last modified on Tuesday, 02 June 2020 12:33