SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ မောင်းသူမဲ့လေယာဉ်များနှင့် မီးသတ်ကားများအသုံးပြုပြီး ကျိုင်းကောင်များ ကိုနှိမ်နှင်း

Wednesday, 03 June 2020 12:08 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ၊ ပြည်တွင်းရေး

အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ ကျိုင်းကောင်များဝင်ရောက်မှုကို မောင်းသူမဲ့ လေယာဉ် များနှင့် မီးသတ်ကားများ အသုံးပြုပြီးနှိမ်နင်းနေရကြောင်း သိရသည်။

တာဝန်ရှိသူများသည် ယာဉ်တင်ဆေး ဖျန်းစက်များ၊ မီးသတ်ကားများ၊ အစိုးရက ပံ့ပိုး ပေးသည့် မောင်းသူမဲ့လေယာဉ်များဖြင့် ပိုးသတ်ဆေးများနှင့် ရေများဖျန်းပြီး ကျိုင်းကောင်များကို နှိမ်နင်း နေခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရစဉ် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးဖြစ်သော ကောက်ပဲသီးနှံဖျက် ကျိုင်းကောင်များ ဝင်ရောက်မှုနှင့် ကြုံတွေ့ နေရသည်။

သန်းပေါင်းများစွာသော ကျိုင်းကောင်အုပ်ကြီးသည် မေလအစောပိုင်းတွင် အိမ်နီးချင်း နိုင်ငံဖြစ် သော ပါကစ္စတန်နိုင်ငံမှ အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်သို့ ဝင်လာခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အခြားပြည်နယ်ငါးခုသို့ ဆက်လက်ဝင်ရောက်သွား ကြောင်း သိရသည်။

ထိုကန္တာရကျိုင်းကောင်များသည် အလွန်လျင်မြန်စွာ ပျံသန်းနိုင်ပြီး လျင်မြန်စွာ မျိုးပွား နိုင်သောကြောင့် အစားအစာများကို ဖျက်ဆီးတတ်သော ကျိုင်းကောင်မျိုးစိတ်များ အနက် အဆိုးဆုံးမျိုးစိတ်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ကထုတ်ပြန် ထားသည်။

အရွယ်ရောက်ပြီးသား ကျိုင်းကောင်တစ်ကောင်သည် တစ်ရက်လျှင် ၉၃ မိုင် ပျံသန်း နိုင်ပြီး ၎င်း၏ခန္ဓာကိုယ်အလေးချိန် ၂ ဂရမ်နှင့်ညီမျှသော အသီးအနှံများကို စားသောက် နိုင်ကြောင်း သိရသည်။

ကျိုင်းကောင်များသည် ဆူညံသောအသံများကို မခံနိုင်သောကြောင့် မီးမွှေးခြင်း၊ ဗြောက်အိုး ဖောက်ခြင်း၊ ဗုံများတီးခြင်း၊ ပန်းကန်ပြားနှင့် စည်သွတ်ဘူးများကို ထုရိုက်ခြင်းတို့က ထိုအစား အစာဖျက်ပိုးများကို မောင်းထုတ်နိုင်ကြောင်း သိပ္ပံပညာရှင်တစ်ဦးက အကြံပြုထား သည်။

Ref: MSN

Read 49 times Last modified on Wednesday, 03 June 2020 12:14