SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားနိုင်ငံ၌ ဘုရားရှိခိုးကျောင်းများနှင့်ဆက်စပ်ကာ ဗိုင်းရပ်ကူးစက်မှုမြင့် တက်နေ

Wednesday, 03 June 2020 12:15 font size decrease font size decrease font size increase font size increase font size

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယားနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ထိန်းချုပ်ရန်ကြိုးပမ်းနေစဉ် စာသင်ကျောင်းများ ပြန်မဖွင့်မီ ဆိုးမြို့၌ ဘုရားရှိခိုးကျောင်းများနှင့် ဆက်စပ်ကာ ဗိုင်းရပ် ကူးစက်မှုမြင့်တက်လာကြောင်း Yonhap သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌ ဇွန် ၂ ရက်တွင် ဒေသတွင်း ဗိုင်းရပ်ကူးစက်ခံရသူ ၃၆ ဦး အပါအဝင် ဗိုင်းရပ်ကူးစက်ခံရသူ ၃၈ ဦးရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၁၅၄၁ ဦး  ရှိလာပြီဖြစ်ကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ် ပြန်ထားသည်။

ဇွန် ၂ ရက်တွင် ပြည်တွင်းကူးစက်မှုအားလုံးသည် ဆိုးမြို့နှင့် အနီးဝန်းကျင်ရှိမြို့တို့၌ နေထိုင်သူ များဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား အစိုးရအနေဖြင့် ကုန်လှောင်ရုံ တစ်ခုနှင့် နိုက်ကလပ်တို့နှင့် ဆက်စပ်သည့် ဗိုင်းရပ်ကူးစက်မှုများကို ထိန်းချုပ်ရန်ကြိုးပမ်းနေစဉ် ယခု ကဲ့သို့ ဗိုင်းရပ်ကူးစက်မှု အသစ်များဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ဆိုးမြို့ရှိပြည်သူများအနေဖြင့် ဗိုင်းရပ်ကူးစက်နိုင်ခြေ လျော့ကျမှုမရှိသမျှ ကာလ ပတ်လုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုများကို မပြုလုပ်ရန် တိုက်တွန်းကြောင်း ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ကွမ်ဂျွန်ဝုတ်ကပြောသည်။

ယခုကဲ့သို့ ဘုရားရှိခိုးကျောင်းများမှ ကူးစက်ခံရသူအများအပြားတွင် ရောဂါလက္ခဏာ မပြသည့် အတွက် လူဦးရေထူထပ်သော ဆိုးမြို့၌ နောက်တစ်ကြိမ်ဗိုင်းရပ် ကူးစက်မှု ဖြစ်ပွားမည်ကို တာဝန်ရှိသူများက စိုးရိမ်နေကြောင်း သိရသည်။

Ref: The Straits Times

Read 48 times Last modified on Wednesday, 03 June 2020 12:19