SJ WorldNews - шаблон joomla Авто

ဟောင်ကောင်၌ ချမှတ်ထားသည့်ကန့်သတ်ချက်များ သက်တမ်းတိုး

Wednesday, 03 June 2020 12:19 font size decrease font size decrease font size increase font size increase font size

 

ဟောင်ကောင်၊ ကျန်းမာရေး

ဟောင်ကောင်ရှိ လူနေအဆောက်အအုံတစ်ခု၌ လူအစုလိုက် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှု ဖြစ်ပွားပြီးနောက် ဟောင်ကောင်အစိုးရက ဗိုင်းရပ်ကူးစက်မှု လျှော့ချရေးအတွက် လက်ရှိ ချမှတ်ထားသည့် ကန့်သတ်ချက်များကို  သက်တမ်းတိုးလိုက်ကြောင်း သိရသည်။

လက်ရှိချမှတ်ထားသည့် လူရှစ်ဦးထက် ပိုမိုစုဝေးခြင်းမပြုရန် တားမြစ်ချက်ကို ဇွန် ၁၈ ရက် အထိ သက်တမ်းတိုးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး ဆိုဖီယာချန်က ဇွန် ၂ ရက်တွင် ပြောသည်။

ထို့ပြင် တရုတ်ပြည်မကြီး၊ မကာအို သို့မဟုတ် တရုတ်(တိုင်ပေ)တို့မှ ပြန်လာသူများကို သီးသန့်ခွဲထားစောင့်ကြည့်မှုကိုလည်း အစိုးရက ဇူလိုင် ၇ ရက်အထိ သက်တမ်းတိုး သည့်အပြင် ဒေသခံမဟုတ်သူများ၏ ဝင်ခွင့်ကို  ဇွန် ၁၈ ရက်မှ စက်တင်ဘာ ၁၈ ရက် အထိပိတ်ထားကြောင်း သိရသည်။

ဟောင်ကောင်၌ ရက်ပေါင်းများစွာအတွင်း ဗိုင်းရပ်ကူးစက်ခံရသူများကို မတွေ့ရပြီး နောက် လူကိုးဦးဗိုင်းရပ်ကူးစက်ခံရမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလန်းကပြောသည်။

Ref: The Straits Times

 

Read 36 times Last modified on Wednesday, 03 June 2020 12:20