SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကြောင့် ဆေးဝါးဈေးကွက်ကို ထိခိုက်နိုင်

Friday, 26 June 2020 09:26 font size decrease font size decrease font size increase font size increase font size

ကမ္ဘာတစ်ဝန်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကြောင့် ၂၀၀၈ ခုနှစ်တွင်ဖြစ်သော စီးပွားရေး အကျပ်အတည်း ကာလအတွင်း  ကြုံတွေ့ရသကဲ့သို့ ဆေးဝါးဈေးကွက်ကို ထိခိုက်စေနိုင်ကြောင်း ကုလသမဂ္ဂဆေးဝါးနှင့် မှုခင်းဌာနက ဇွန် ၂၅ ရက်တွင် သတိပေးသည်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ဆေးဝါးသုံးစွဲမှု မြင့်တက်လာနိုင်ကြောင်း၊ ဈေးပေါသော ဆေးဝါးများကို  ပိုမိုသုံးစွဲ လာနိုင်သည့်အတွက်  အန္တရာယ်များကြောင်း  အဆိုပါ ဌာန၏ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆေးဝါး အစီရင်ခံစာတွင်   ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံများကလည်း ဆေးဝါးနှင့် ပတ်သက်သည့် အသုံးစရိတ်များကို လျှော့ချလာနိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

အလားတူ    နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် ဦးစားပေးမှုများ နည်းပါးလာနိုင်သောကြောင့် ဆေးဝါးများမှောင်ခို တင်သွင်းသူများအတွက်   အခွင့်အရေးဖြစ်လာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရသိရသည်။

အလုပ်လက်မဲ့ ဦးရေမြင့်တက်လာခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတို့ကြောင့်   ဆင်းရဲချို့တဲ့သူများက ဥပဒေနှင့်ဆန့်ကျင်သော ဆေးဝါးများ မှောင်ခိုတင်သွင်းမှုကို ပိုလုပ်လာနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂဆေးဝါးနှင့် မှုခင်းဌာနကပြောသည်။

ထို့ကြောင့်    ကမ္ဘာ့နိုင်ငံများမှ တာဝန်ရှိသူများအနေဖြင့် ဆေးဝါးများ မှောင်ခိုတင်သွင်းမှုကို ထိန်းချုပ်ရန်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ဆေးဝါးများထောက်ပံ့ပေးရန်ကိစ္စရပ်များတွင်    ညီညွတ်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရသည်။             

  Ref: The Straits  Times

Read 23 times Last modified on Friday, 26 June 2020 09:28