SJ WorldNews - шаблон joomla Авто

သြစတြေးလျစစ်ဘက်က ဗိုင်းရပ်ကူးစက်မှုထိန်းချုပ်ရန် မဲဘုန်းမြို့၌ စစ်သည် ၁၀၀၀ ကျော်ဖြန့် ကြက်မည်

Friday, 26 June 2020 09:28 font size decrease font size decrease font size increase font size increase font size

သြစတြေးလျနိုင်ငံအတွင်း     နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု အများဆုံးဖြစ်နေသည့် မဲဘုန်းမြို့၌ ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ရန် ဆောင်ရွက်ချက်အဖြစ် စစ်သည် ၁၀၀၀ ကျော်ကို ဖြန့်ကြက်မည်ဖြစ်ကြောင်း သြစတြေးလျ စစ်ဘက်က ဇွန် ၂၅ ရက်တွင်ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် မဲဘုန်းမြို့မှ စတင်၍ ဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားရာ လက်ရှိအချိန်အထိ အဆိုပါမြို့ပါဝင်သော ဗစ်တိုးရီးယားပြည်နယ်၌  ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၅၀ ကျော်ရှိပြီ ဖြစ်သည်။

ထို့ကြောင့် ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ရေး ဆောင်ရွက်မှုတွင်  အကူအညီပေးရေးအတွက် စစ်သည် ၁၀၀၀ ကျော်ဖြန့်ကြက်မည်ဟု ကာကွယ်ရေးဝန်ကြီး လင်ဒါရေးနိုးက ပြောသည်။

အဆိုပါစစ်သည်များအနက် ၈၅၀ က ဟိုတယ်များ၌  အသွားအလာ ကန့်သတ်ခံထားရသည့်   ပြည်ပမှပြန်လာသူများကို စောင့်ကြည့်ရာတွင်   ကူညီသွားမည်ဖြစ်သည်။

စစ်သည် ၂၀၀ ခန့်မှာမူ ဗိုင်းရပ်စစ်ဆေးရေးဌာနများအတွက် ဆေးဝါးနှင့်ထောက်ပံ့ရေး ပစ္စည်းများကို ကူညီပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း   ကာကွယ်ရေးဝန်ကြီးက ဆက်ပြောသည်။

လက်ရှိတွင်  ပြည်နယ်များအတွင်းသို့ အခြားပြည်နယ်များတွင်  နေထိုင်သူများ မဝင်လာနိုင်စေရေးအတွက် စစ်တပ်ဖွဲ့ဝင် များက နယ်စပ်များကို စောင့်ကြည့်ထိန်းချုပ်ထားပြီး  ကျန်းမာရေးနှင့်အရေးပေါ် စီမံခန့်ခွဲရေး လုပ်ငန်းများအတွက် စီမံချက် ရေးဆွဲမှုတွင်    ထောက်ပံ့ကူညီပေးထားကြောင်း သိရသည်။

Ref: Bangkok Post

Read 25 times Last modified on Friday, 26 June 2020 09:30