SJ WorldNews - шаблон joomla Авто

ဂျပန်က လက်ဦးမှုယူတိုက်ခိုက်ရေးအတွက် ထိရောက်သည့် လက်နက်များ ဝယ်ရန်စဉ်းစား

Friday, 26 June 2020 09:30 font size decrease font size decrease font size increase font size increase font size

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်၏  Aegis Ashore လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တပ်ဆင်မည့်အစား ရန်သူ့ဒုံးပစ်စင်များကို လက်ဦးမှုယူ တိုက်ခိုက်ရေးအတွက် ထိရောက်သည့်လက်နက်များ ဝယ်ယူရန်စဉ်းစားနေကြောင်း ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက  ဇွန် ၂၅ ရက်တွင် ပြောသည်။

Aegis Ashore လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူထိန်းသိမ်းရမည့် ကုန်ကျစရိတ်ကြီးမြင့်လွန်းသည့်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက  ထိုစနစ်များ ဖြန့်ကြက်မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

သို့သော် လေကြောင်းရန်ကာကွယ်ရေး စနစ်ကို တပ်ဆင်မည့်အစား ရန်သူ့စခန်းများကို တိုက်ခိုက်နိုင်စွမ်းတိုးမြှင့်ခြင်းက ကောင်းမွန်ခြင်းရှိ၊ မရှိ အမျိုးသားလုံခြုံရေးကောင်စီ၌ ဆွေးနွေးဦးမည်ဖြစ်ကြောင်း တာရိုကိုနိုက ပြောသည်။

ဂျပန်အစိုးရက     Aegis Ashore လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူရန် ဆုံးဖြတ်သည့် ၂၀၁၈ ခုနှစ်တွင်  ရန်သူ့ စခန်းများကိုလက်ဦးမှုယူ တိုက်ခိုက်ခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို မချိုးဖောက်ဘဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုသာ ဖြစ်သည်ဟု လွှတ်တော်အမတ်များက သဘောတူထားသည်။ ထို့ကြောင့် ကီလိုမီတာ ၁၀၀၀ အထိ ရောက်ရှိနိုင်သည့် ဝေဟင်ပစ်ခရု(စ်)ဒုံးကျည်များကိုဝယ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ဂြိုဟ်တုမှ ပစ်မှတ်သတ်မှတ်နိုင်စွမ်း မရှိပါက ရန်သူ၏ရွေ့လျားဒုံးပစ်လောင်ချာများကို တိကျစွာ ပစ်ခတ်နိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများကပြောဖူးသည်။

အကယ်၍ ဂျပန်နိုင်ငံအနေဖြင့်  Aegis Ashore လေကြောင်းရန်ကာကွယ်ရေးစနစ်နေရာတွင် အခြားကာကွယ်ရေးစနစ် တစ်ခုခုဖြင့် အစားမထိုးပါက ဗနါငျ ရေဒါတပ်ဆင်ထားပြီး ဂျပန်ပင်လယ်အတွင်း ကင်းလှည့်နေသော သင်္ဘောများအပေါ်ကိုသာမှီခိုအား ထားရမည်ဖြစ်သည်။

Ref: The Straits Times

Read 37 times Last modified on Friday, 26 June 2020 12:28