SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား၌ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသည့် အသက်ငါးနှစ်အောက် ကလေးငယ် ၂ဝဝ ကျော်ရှိ

Saturday, 27 June 2020 10:28 font size decrease font size decrease font size increase font size increase font size

အင်ဒိုနီးရှားနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် သေဆုံးသည့်   အသက်ငါးနှစ်အောက် ကလေးငယ် ၂ဝဝ ကျော်ရှိပြီး မွေးကင်းစ ကလေးငယ်များလည်း  ပါဝင်ကြောင်း    ကလေးရောဂါ ဆိုင်ရာ အဖွဲ့က ထုတ်ပြန်သည်။

နိုင်ငံအတွင်း  ဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားသည့် မတ်လမှစ၍   ကလေးငယ် ၁၅၄၃  ဦး  ဗိုင်းရပ်ကူးစက်ခံရကြောင်း၊ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုက    နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ယိုင်နဲ့စေခြင်းကြောင့် ထိုကလေးများအနက် ၃၆ ဦး သေဆုံးသွားကြောင်း သိရသည်။

ထို့ပြင် ဗိုင်းရပ်ကူးစက်ခံရသော်လည်း စစ်ဆေး အတည်မပြုနိုင်သည့် ကလေးငယ် ၆၁၂၃ ဦးရှိပြီး  ၎င်းတို့အနက်  သေဆုံးသူ ၂ဝ၄ ဦးရှိကြောင်း ကလေးရောဂါဆိုင်ရာ အဖွဲ့၏ထုတ်ပြန်ချက်တွင်    ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဝေးလံခေါင်ဖျားဒေသမှ အသက်ရှစ်လရှိ ကလေးငယ် တစ်ဦးသည် ဗိုင်းရပ် ကူးစက်မှုကြောင့် ဆေးရုံသို့မရောက်မီ သေဆုံးသွားသည်။

 

Read 18 times Last modified on Saturday, 27 June 2020 10:29