SJ WorldNews - шаблон joomla Авто

ဘရာဇီးနိုင်ငံသို့ ကျိုင်းကောင်များ ဝင်ရောက်နိုင်မှု အရေးပေါ် အခြေအနေ ထုတ်ပြန်

Saturday, 27 June 2020 10:32 font size decrease font size decrease font size increase font size increase font size

ကောက်ပဲသီးနှံများကို   ဖျက်ဆီးစားသောက်သည့် ကျိုင်းကောင်များ  ဘရာဇီးနိုင်ငံသို့ ဝင်ရောက်နိုင်မှုအတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနက    အရေးပေါ် အခြေအနေ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုကဲ့သို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းသည် ကျိုင်းကောင်များ နှိမ်နင်းရေးအတွက် အထောက်အကူဖြစ်စေကြောင်း သိရသည်။ အကောင်ရေသန်း ၄ဝ ခန့်ရှိသည့် ကျိုင်းကောင်အုပ်ကြီးသည် ပထမဆုံး အနေဖြင့် ပါရာဂွေးနိုင်ငံသို့ ဝင်ရောက်ကာ ကောက်ပဲသီးနှံများကို ဖျက်ဆီးစားသောက်ပြီးနောက်    အာဂျင်တီးနား နိုင်ငံသို့လည်း ဝင်ရောက်သည်။ ယခုအခါ ဘရာဇီးနိုင်ငံ၏ နယ်စပ်မှ ကီလိုမီတာ ၁ဝဝ အကွာတွင် ရောက်ရှိနေသည်။  အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံသည် ကောက်ပဲသီးနှံနှင့် ပဲပုပ်ကို အဓိက စိုက်ပျိုးသည့်နိုင်ငံများ ဖြစ်သည်။

ကျိုင်းကောင်များသည် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံအတွင်းရှိ  ကောက်ပဲသီးနှံ ဟက်တာခြောက်သိန်းကို  ဖျက်ဆီးခဲ့သော်လည်း ဘရာဇီးအနေဖြင့် ထိုနိုင်ငံများလောက် ပျက်စီးဆုံးရှုံးမှု မရှိနိုင်ကြောင်း   အာဂျင်တီးနား အစိုးရကပြောသည်။

 

Read 23 times Last modified on Saturday, 27 June 2020 10:33