SJ WorldNews - шаблон joomla Авто

ဂျပန်၌ မေ ၉ ရက် နောက်ပိုင်း ပထမဆုံးအဖြစ် နေ့စဉ်ဗိုင်းရပ် ကူးစက်ခံရသူ ၁ဝဝ ကျော်အထိ ရှိလာ

Saturday, 27 June 2020 10:38 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံ၌  မေ ၉  ရက်နောက်ပိုင်း ပထမဆုံးအဖြစ် နေ့စဉ်နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁ဝဝ ကျော်အထိ ရှိလာကြောင်း ဂျပန်အစိုးရက ဇွန် ၂၆ ရက်တွင် အတည်ပြု ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်မှုကြောင့် အစိုးရက အရက်ဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် အခြားဖျော်ဖြေပွဲ ကျင်းပရာ နေရာများကို အသွားအလာ ကန့်သတ်မှုဖြေလျှော့ပေးပြီးနောက် ထိုကဲ့သို့ ဗိုင်းရပ် ကူးစက်မှု မြင့်တက်လာခြင်း ဖြစ်သည်။

ဇွန် ၂၆ ရက်တွင် တိုကျိုတစ်မြို့တည်း၌ ဗိုင်းရပ်ကူးစက်ခံရသူ  ၅၄  ဦးရှိကြောင်း NHKသတင်းဌာနက ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည်   ယခုသီတင်းပတ် အစောပိုင်းတွင်    ဗိုင်းရပ်အန္တရာယ်နှင့် ပတ်သက်၍   သတိပေးချက် အသစ်ကိုထုတ်ပြန်ထားပြီး  ယင်းဗိုင်းရပ်ကူးစက်မှုမှာ    အရှိန်မြင့်တက်နေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ကပြောသည်။

အဆိုပါ ကမ္ဘာ့ကပ်ရောဂါသည်  နိုင်ငံအသီးသီးတွင် ကျန်းမာရေး ပဋိပက္ခတစ်ခု ဖြစ်သည်သာမက စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ပဋိပက္ခတစ်ခုလည်းဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကို လာမည့်ဆယ်စုနှစ်များစွာအထိ  ခံစားရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

 

Read 28 times Last modified on Saturday, 27 June 2020 10:39