SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားက နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကုသရေးတွင် ရမ်ဒက်စဗီယာဆေးကို အသုံးပြုရန် ထောက်ခံ

Saturday, 27 June 2020 10:43 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယား အစိုးရသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူများကို ကုသရာတွင် ရမ်ဒက်စဗီယာဆေးကို အသုံးပြုရန် ထောက်ခံပြီး  ဒက်ဆာမက်သာဆုန်းဆေးများ အသုံးပြုမှုနှင့် ပတ်သက်၍ သတိထားရန် တိုက်တွန်းလိုက်သည်။

ဗိုင်းရပ်ထိန်းချုပ်မှုနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးက ချီးကျူးရသည့် တောင်ကိုရီးယားနိုင်ငံ၌ ဇွန် ၂၅ ရက်အထိ ဗိုင်းရပ်ကူးစက် ခံရသူ ၁၂၆ဝ၂ ဦးနှင့် သေဆုံးသူ ၂၈၂ ဦးရှိသည်။

ရမ်ဒက်စဗီယာဆေးသည် ကိုရိုနာဗိုင်းရပ် အပါအဝင်  ဗိုင်းရပ်အချို့ကို ဟန့်တားရန် ထုတ်လုပ်ထားသော ဆေးဖြစ်သည်။ သို့သော်  အဆိုပါဆေးသည်  ကနဦးတွင် အီဘိုလာရောဂါအတွက်    ထုတ်လုပ်ခြင်းဖြစ်ပြီး ထိုရောဂါကုသရေးအတွက် စစ်ဆေးရာတွင် အောင်မြင်မှုမရှိပေ။

ဈေးချိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော  ဒက်သာမက်သာဆုန်းဆေးသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူများကို သေဆုံးမှုနှုန်း လျော့ကျစေသည်ဟု လေ့လာတွေ့ရှိချက်တစ်ခုတွင်    ဖော်ပြပြီးနောက်  တောင်ကိုရီးယားအစိုးရက ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဆရာဝန်များအနေဖြင့်    ထိုဆေးကို သတိထား အသုံးပြုရန်နှင့် လူနာ အခြေအနေအရ လိုအပ်မှသာ အသုံးပြုရန် အစားအစာနှင့် ဆေးဝါးလုံခြုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကင်ယောင်အွတ် ကပြောသည်။

ဒက်ဆာမက်သာဆုန်းဆေးကို ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းကတည်းက တောင်ကိုရီးယားနိုင်ငံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး တစ်နှစ်လျှင် စားဆေး ၄၃ သန်းနှင့် ထိုးဆေး သန်း  ၆ဝ  ထုတ်လုပ် ထားသောကြောင့် လုံလုံလောက်လောက် ရှိကြောင်း ၎င်းကဆက်ပြောသည်။

 

Read 27 times Last modified on Saturday, 27 June 2020 10:44