SJ WorldNews - шаблон joomla Авто

သြစတြေးလျ၌ ကုန်တိုက်များက အိမ်သာသုံး စက္ကူများကို အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြု

Saturday, 27 June 2020 10:50 font size decrease font size decrease font size increase font size increase font size

သြစတြေးလျနိုင်ငံ မဲဘုန်းမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမြင့်တက်လာခြင်းကြောင့်   ဒေသခံများက လူသုံးကုန်ပစ္စည်းများကို  ကြောက်လန့်တကြား ဝယ်ယူပြီးနောက် နိုင်ငံတစ်ဝန်းရှိ ကုန်တိုက် များက ဇူလိုင် ၂၆ ရက်မှစ၍ အိမ်သာသုံး စက္ကူများကို အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြုကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ထိုကဲ့သို့ ကြောက်လန့်တကြား ဈေးဝယ်မှုကို ရပ်တန့်သင့်ကြောင်းနှင့် မဲဘုန်းမြို့၏ ဗိုင်းရပ်ကူးစက်မှုက နိုင်ငံ၏ အောင်မြင်နေသော ဗိုင်းရပ်ထိန်းချုပ်မှုကို  မခြိမ်းခြောက်နိုင်ကြောင်း  ဝန်ကြီးချုပ် စကော့မောရစ်ဆင် ကပြောသည်။

မဲဘုန်းမြို့နှင့် ဗစ်တိုးရီးယားပြည်နယ်၌ နေ့စဉ်ဗိုင်းရပ် ကူးစက်မှုသည် ဆယ်ဂဏန်းအထိ ၁ဝ ရက်ဆက်တိုက်ရှိနေပြီး မဲဘုန်း၌ တစ်ညအတွင်း ဗိုင်းရပ်ကူးစက်ခံရသူ ၃ဝ ခန့်ရှိကြောင်းနှင့် အခြားဒေသ များတွင်မူ သီတင်းပတ်များစွာကြာ ကူးစက်မှုမရှိဘဲ သို့မဟုတ် ခုဂဏန်းသာရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

သြစတြေးလျရှိ   ဗိုင်းရပ်ထပ်မံ ကူးစက်မှုအရေအတွက်သည်  ကမ္ဘာရှိ  အခြားနေရာများနှင့် နှိုင်းယှဉ်ပါက   နည်းပါးနေသော်လည်း  ဒေသအများစုက စီးပွားရေးလုပ်ငန်းများ၊ လူစုလူဝေးနှင့် ခရီးသွားလာရေး အပေါ်   ကန့်သတ်ချက်များကို   ဖြေလျှော့နေသဖြင့် မဲဘုန်းမြို့၏ ဗိုင်းရပ်ကူးစက်မှုက  သြစတြေးလျနိုင်ငံ အတွက် ဒုတိယ အကျော့ဖြစ်မည်ကို စိုးရိမ်နေရသည်။

 

Read 26 times Last modified on Saturday, 27 June 2020 10:51