SJ WorldNews - шаблон joomla Авто

ဗိုင်းရပ် ရောဂါပိုး ကူးစက်မှုမြင့်တက်နေစဉ် အတွင်း အထိနာခဲ့ရသည့် Qantas လေကြောင်းလိုင်း

Sunday, 28 June 2020 12:44 font size decrease font size decrease font size increase font size increase font size

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ် များပျံသန်းမှုကို ရပ်ဆိုင်းထားမည့်အလား အလာရှိရာ Qantas လေကြောင်းလိုင်းက ဝန်ထမ်း အရေ အတွက်    ၆ဝဝဝ  ခန့်ကို လျှော့ချရန်စီစဉ်ခဲ့ရသည်။

ဝန်ထမ်း ဦးရေကို  လျှော့ချရခြင်းမှာ နိုင်ငံအတွင်း ရောဂါပိုး ကူးစက်မှုဖြစ်ပွား ပြီးနောက် လေကြောင်း ပျံသန်းမှု ပြန်လည် နာလန် ထူလာစေရေး အတွက်ဖြစ်သည်ဟု လေကြောင်းလိုင်းမှ ပြီးခဲ့သည့် ရက်သတ္တ ပတ်အတွင်းက ထုတ်ပြန်ခဲ့သည်။

Qantas  လေကြောင်းလိုင်းသည်  လက်ရှိတွင် တခြားဝန်ထမ်း ၁၅ဝဝဝ ခန့် ကိုလည်း လစာပေးအပ်ခြင်း မရှိဘဲ အနား ယူခွင့်ပြုထားသည်။ ထို့ပြင် လေကြောင်း ခရီးစဉ်များပျံသန်းနေသည့်    လေယာဉ် အစင်း ၁ဝဝ ခန့်ကို လည်း  နောက်ထပ် ၁၂  လခန့်ကြာ ရပ်ဆိုင်းထားပြီး ဘိုးရင်း ကုမ္ပဏီထုတ်   ခရီးသည်တင်လေယာဉ် ခြောက်စင်း ကို အပြီးအပိုင် ရပ်နားမည်ဖြစ်သည်။

လျှော့ချလိုက်သည့် ဝန်ထမ်းအင်အား သည် လေကြောင်းလိုင်းမှ အလုပ်ခန့်အပ် ထားသည့် စုစုပေါင်း လုပ်သား အင်အား ၏ ၂ဝ ရာခိုင်နှုန်းရှိသည်။ နိုင်ငံအတွင်း  ဖြစ်ပွားခဲ့သည့် ရောဂါပိုးကူးစက်မှုကြောင့်  အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် များပျံသန်းနေခြင်းကို ရပ်ဆိုင်းခဲ့ရသည့် အတွက်   Qantas လေကြောင်းလိုင်းမှာ  ဆိုးဆိုး ရွားရွား အထိနာခဲ့ရသည်။ ယခုအခါ အဆိုပါလေကြောင်းလိုင်း သည်   က်လက်ရပ်တည်နိုင်ရေးအတွက်  အသုံးစရိတ် အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရှာဖွေလျက်ရှိသည်။ Qantas  လေကြောင်း လိုင်းအနေဖြင့်  ြည်တွင်းလေကြောင်းပျံသန်းမှုတွင် နာလန် ထူမည့်အလားအလာရှိ သော်လည်း နိုင်ငံ တကာ ခရီးစဉ်ပျံသန်းခြင်းကို အနည်းဆုံး  ၁၂ လရပ်ဆိုင်းထားမည်ဖြစ်သောကြောင့်  နိုင်ငံတကာ လေကြောင်း ခရီးစဉ်များကို ပျံသန်း နိုင်မည်မဟုတ်ဟု  လေကြောင်းလိုင်းမှ  အမှုဆောင်အရာရှိချုပ်   အာလန်ဂျိုက် က  မီဒီယာများနှင့် တွေ့ဆုံပွဲတစ်ခုတွင်  ပြောကြားသည်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ်၌ ရောဂါပိုးကူးစက်မှုပြန်လည် မြင့်တက်လျက်ရှိပြီး   ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံ၏နယ်စပ် များကို လာမည့် နှစ်ဝက်ခန့်အထိ ပိတ်ထား ရဖွယ်ရှိသည်ဟု ဝန်ကြီးချုပ် စကော့မော် ရစ်ဆင်က ဇွန် ၂၆ ရက်တွင် ပြောကြားထားသည်။

သြစတြေးလျ အစိုးရသည် နိုင်ငံအတွင်း    အမြဲတမ်းနေထိုင်သူမဟုတ်သည့်  နိုင်ငံ ခြားသားများ ဝင်ရောက် လာခြင်း ကို တားမြစ် သည့်အနေဖြင့် နယ်စပ်များကို မတ်လမှ စ၍ ပိတ်ထားခြင်းဖြစ်ပြီး ယခုနှစ်နှစ်ကုန် ပိုင်းအထိ ဆက်လက်ပိတ် ထားဖွယ်ရှိသည် ဟု အစိုးရကအစောပိုင်းတွင် ထုတ်ပြန် ထားသောကြောင့် Qantas လေကြောင်း လိုင်းအနေဖြင့် ဆက်လက် ရုန်းကန်နေရ မည့်အလားအလာရှိကြောင်း သုံးသပ် တင်ပြလိုက် ရပါသည်။

Read 24 times Last modified on Sunday, 28 June 2020 12:45