SJ WorldNews - шаблон joomla Авто

စင်ကာပူနိုင်ငံ၌ ဇွန် ၂ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၂၁၃ ဦးရှိ

Monday, 29 June 2020 09:18 font size decrease font size decrease font size increase font size increase font size

စင်ကာပူနိုင်ငံ၌ ဇွန် ၂၈ ရက် မွန်းတည့်အထိ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ ၂၁၃ ဦးရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၄၃၄၅၉ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၁၃ ဦးအနက် ၁၁ ဦးသည် ရပ်ကွက်အတွင်းမှ ကူးစက်မှုဖြစ်ကြောင်းနှင့် စင်ကာပူနိုင်ငံသား  သို့မဟုတ်  အမြဲတမ်းနေထိုင်ခွင့်ရရှိသူ ခြောက်ဦးပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်  ၂၈ ရက်တွင် ထုတ်ပြန်သည်။

ကူးစက်မှုအများဆုံးမှာ  ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်သည့် အလုပ်သမားတန်းလျားများမှဖြစ်ပြီး ကူးစက်ခံရသူများမှာလည်း ရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျမ်းမျှအားဖြင့် ရပ်ကွက်အတွင်း နေထိုင်သူများတွင် ဗိုင်းရပ်ကူးစက်မှုမှာ ပြီးခဲ့သည့် သီတင်းပတ်မတိုင်မီက တစ်ရက်လျှင်လေးဦးခန့်သာ ရှိရာမှ  ပြီးခဲ့သည့် သီတင်းပတ်တွင် တစ်ရက်လျှင်ခြောက်ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အလားတူ ရပ်ကွက်အတွင်း နေထိုင်ပြီး ဗိုင်းရပ်ကူးစက်ခံရသူများနှင့် ထိတွေ့မှုမရှိဘဲ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ ပြီးခဲ့သည့် သီတင်းပတ်တွင် တစ်ရက်လျှင်နှစ်ဦးမှ သုံးဦးအထိ မြင့်တက်လာကြောင်း သိရသည်။

Ref: The Straits  Times

Read 23 times Last modified on Monday, 29 June 2020 09:19