SJ WorldNews - шаблон joomla Авто

CNBG ၏ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး လူသားများတွင် စမ်းသပ်မှု ရလဒ်ကောင်းများ ရရှိ

Monday, 29 June 2020 09:19 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံရှိ တရုတ်အမျိုးသားဇီဝနည်းပညာအဖွဲ့(CNBG)က ဖော်စပ်ထားသော ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်ရာ ရလဒ်ကောင်းများ ရရှိထားကြောင်း သိရသည်။

ထိုကာကွယ်ဆေးသည် CNBG က ထုတ်သည့် စမ်းသပ်ဆဲ ဒုတိယမြောက်ကာကွယ်ဆေးဖြစ်ပြီး ထိုဆေးမှရလဒ်ကောင်းများသည် အကျိုးအာနိသင်ရှိပြီး ထိရောက်သည့် ဗိုင်းရပ်ကာကွယ်ဆေးအတွက် အလားအလာကောင်းများ ဖြစ်ကြောင်း   အဆိုပါ ဇီဝနည်းပညာအဖွဲ့က ဇွန် ၂၈ ရက်တွင် ပြောသည်။

လက်တွေ့စမ်းသပ်မှု အဆင့်နှစ်ဆင့်တွင် ကျန်းမာသောလူပုဂ္ဂိုလ်  ၁၁၂၀ ပါဝင်ပြီး ထိုသူများသည် စမ်းသပ်ဆဲကာကွယ်ဆေး ထိုးသွင်းမှုကို ခံယူပြီးနောက် ယင်းစမ်းသပ်ခံ လူပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်အတွင်း၌ ဗိုင်းရပ်ကို တိုက်ထုတ်နိုင်သည့်  ပဋိပစ္စည်းပမာဏ အများအပြား ထွက်ပေါ်လာသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို အဆင့် ၃ တွင်ဆက်လက်စမ်းသပ်ရမည် ဖြစ်ပြီး ထိုအဆင့်တွင် လူထောင်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကာ ယင်းအဆင့်တွင် အောင်မြင်မှသာ ဗိုင်းရပ်ကာကွယ်ဆေး ကောင်းတစ်ခုအဖြစ် ထုတ်လုပ် ရောင်းချခွင့်ရမည် ဖြစ်သည်။

တရုတ်ဆေးဝါးကုမ္ပဏီများနှင့် သုတေသနပညာရှင်များအနေဖြင့်  ပြည်တွင်းပြည်ပ၌ လက်ရှိစမ်းသပ်ခွင့်ရထားသည့် ဗိုင်းရပ်ကာကွယ်ဆေးအမျိုးပေါင်း ရှစ်မျိုးရှိသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်အတွက် ဗိုင်းရပ်ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်မှုနယ်ပယ်တွင် ရှေ့ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

Ref: The Straits Times

Read 24 times Last modified on Monday, 29 June 2020 09:20