SJ WorldNews - шаблон joomla Авто

တစ်ကမ္ဘာလုံး၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၁၀ သန်းကျော်လာပြီ

Monday, 29 June 2020 09:20 font size decrease font size decrease font size increase font size increase font size

တစ်ကမ္ဘာလုံး၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ အရေအတွက်သည် ဇွန် ၂၈ ရက်တွင် ၁၀ သန်းကျော်လာပြီဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာ ငါးသိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက်သည် အကြမ်းဖျင်းအားဖြင့် နှစ်စဉ်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်၏ နှစ်ဆခန့်ဖြစ်ပြီး  သေဆုံးသူ အရေအတွက်မှာ နှစ်စဉ်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ စာရင်းနှင့် တူညီနေကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်ကူးစက်မှုအများဆုံးသော  နိုင်ငံအချို့က အသွားအလာ တားမြစ်ကန့်သတ်မှုများကို ဖြေလျှော့ပြီး အလုပ်အကိုင်နှင့် လူမှုဘဝနေထိုင်မှုကို ပြောင်းလဲမှုများ ပြုလုပ်နေစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြေညာချက် ထွက်လာခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံအချို့အနေဖြင့် ဒုတိယအကျော့ဗိုင်းရပ်ကူးစက်မှုများနှင့် တွေ့ကြုံနေရသည့်အတွက်  အသွားအလာ တားမြစ်ကန့်သတ်မှု အချို့ကို ပြန်ချမှတ်ထားရပြီး ဗိုင်းရပ်ကူးစက်မှုသည်  လာမည့်လများနှင့် ၂၀၂၁ ခုနှစ်အထိ အကြိမ်ကြိမ် ပြန်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။

မြောက်အမေရိက၊ လက်တင်အမေရိကနှင့် ဥရောပဒေသတို့၌ ဗိုင်းရပ်ကူးစက်မှု ပမာဏသည် တစ်ကမ္ဘာလုံးရှိ  ဗိုင်းရပ်ကူးစက်မှု စုစုပေါင်း၏  ၂၅ ရာခိုင်နှုန်းခန့်စီရှိပြီး အာရှနှင့်အရှေ့အလယ်ပိုင်းဒေသတို့တွင်မူ ၁၁ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းခန့်စီ အသီးသီးရှိကြောင်း သိရသည်။

ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ယနေ့အချိန်အထိ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၂ ဒသမ ၆ သန်းကျော် ရှိလာကြောင်း သိရသည်။                 

Ref: The Straits Times

Read 22 times Last modified on Monday, 29 June 2020 09:21