SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နယူးယောက်ကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အရှည် ၅ဝ၄ ပေရှိသည့် ကမ္ဘာ့အရှည်ဆုံးဆူရှီပြုလုပ်

Monday, 16 October 2017 09:10 font size decrease font size decrease font size increase font size increase font size

နယူးယောက်ကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အရှည် ၅ဝ၄ ပေရှိသည့် ဆူရှီကိုပြုလုပ်နိုင်ပြီးယင်းဆူရှီသည်

ကမ္ဘာ့အရှည်ဆုံးဆူရှီအဖြစ် ကမ္ဘာ့ မှတ်တမ်း တင်သွားသည်။ကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် အပျော်တမ်း အဖွဲ့ဝင်စုစုပေါင်း ၃ဝဝ ခန့်သည် ယင်းဆူရှီကိုပြုလုပ်ရန်အတွက် ဆူရှီလုပ်ရာတွင်အသုံးပြုသောရေ ညှိလိပ် အချပ် ၈ဝဝ၊ ဆန်အခွက် ၅ဝဝ၊ ထောပတ်သီး၁၂၅ လုံးနှင့် ငါးအသားချောင်း ပေါင် ၂ဝဝ တို့ကို အသုံးပြု ခဲ့ခြင်းဖြစ်သည်။ကျောင်းသား၊ ကျောင်းသူများသည် Food Network မှ စားဖိုမှူး ဂျက်တိုင် လာ၏ညွှန်ကြား မှုနှင့် အတူ ယခုကဲ့သို့ကမ္ဘာ့အရှည်ဆုံးဆူရှီကို အောင်မြင် စွာပြု လုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စားဖိုမှူးဂျက်သည် ယင်းကောလိပ်သို့ရောက်ရှိစဉ် ပေ ၅ဝ ရှည်သည့် ဆူရှီကိုပြုလုပ်ခဲ့ဖူးသည်ဟု ကောလိပ်၏အမှုဆောင်ညွှန်ကြားရေးမှူး ပက်ထရစ် ဆာဗော်ဆကီက  The Journal News သတင်း ဌာနသို့ပြောသည်။

ထိုသို့ ပေ ၅ဝ ရှည်သည့် ဆူရှီကိုပြုလုပ်ပြီးနောက်ထို့ထက်ပိုရှည်သည့်ဆူရှီကိုပြုလုပ်ရန် စိတ်ကူးရရှိကာထိုစိတ်ကူးကို အကောင် အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ထို့ နောက် ကမ္ဘာ့အရှည်ဆုံးဆူရှီပြုလုပ်သူအဖြစ် မက် ဆာချူး ဆက် တက္ကသိုလ်က စံချိန်တင်ထားသည်ကို တွေ့ရကြောင်းနှင့် ယင်းစံချိန်ကိုချိုးဖျက်ရန်ကြိုးပမ်းမှုသည်

ပျော်ရွှင်ဖွယ်ကောင်းမည်ဟု ထင်မြင်မိကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆာဗော်ဆကီကပြောသည်။ယခင်က ကမ္ဘာ့ အရှည်ဆုံး ဆူရှီမှာ အရှည် ၄၂၂ ပေရှိပြီး မက် ဆာချူး ဆက်ပြည်နယ် အမ်ဟာ့ကော လိပ် ကပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Read 356 times Last modified on Monday, 16 October 2017 09:14