SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သမ္မတ ရာထူးမှ မူဂါဘီ နုတ်ထွက်ဟု လွှတ်တော် ဥက္ကဋ္ဌ အတည်ပြု

Thursday, 23 November 2017 12:13 font size decrease font size decrease font size increase font size increase font size

ဟရာရေး နိုဝင်ဘာ ၂၂

ဇင်ဘာဘွေနိုင်ငံ သမ္မတ ရောဘတ်မူဂါဘီသည် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက အတည်ပြု ထုတ်ပြန်သည်။

မူဂါဘီသည် သမ္မတရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုချက်များကို ရက်သတ္တနှစ်ပတ်ကြာ ငြင်းဆန်ခဲ့ပြီးနောက် နုတ်ထွက်စာကို နိုဝင်ဘာ ၂၁ ရက်တွင် လွှတ်တော် ဥက္ကဋ္ဌ ဂျက်ကော့မူဘင်ဒါထံသို့ ပေးပို့လိုက်ခြင်း ဖြစ်သည်။ ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အသက် ၉၃ နှစ်ရှိ မူဂါဘီသည် စစ်ဘက်၏ နေအိမ်အကျယ်ချုပ် ချထားခြင်းကို ခံရသော်လည်း ရာထူးမှ နုတ်ထွက်ပေးရန် နိုင်ငံတွင်းနှင့် ဒေသတွင်းမှ တောင်းဆိုချက်များကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မူဂါဘီ၏ဇနီး ဂရေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ကန့်သတ်ထား သည့် လုပ်ပိုင်ခွင့် အာဏာကို ချိုးဖောက်မှုဖြင့် မူဂါဘီကို တရားစွဲဆိုမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ရာထူးမှ နုတ်ထွက်သည့်စာကို လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့ခြင်းဖြစ်သည်။

မူဂါဘီရာထူးမှ နုတ်ထွက်ပြီးနောက် ယခုလအစောပိုင်းတွင် ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ သမ္မတ အမ်နန်းဂက်ဂဝါက အာဏာရ Zanu-PF ပါတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး ရွေးကောက်ပွဲ ထပ်မံကျင်းပမည့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ သမ္မတအဖြစ် တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ပါတီက ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် အမ်နန်းဂက်ဂဝါသည် ဇင်ဘာဘွေသို့ နိုဝင်ဘာ ၂၂ ရက် တွင်ပြန်လည်ရောက်ရှိလာပြီး နိုဝင်ဘာ ၂၅ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်ဟု နိုင်ငံပိုင် သတင်းဌာနကြီးက ထုတ်ပြန်ထားကြောင်း သိရသည်။

Read 204 times Last modified on Thursday, 23 November 2017 12:18