SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

၂ဝ၃၅ ခုနှစ်တွင် သဘာဝ ဓာတ်ငွေ့ တင်ပို့သည့် နိုင်ငံဖြစ်လာရန် ကြိုးပမ်းနေသည့် ယူကရိန်း

Friday, 24 November 2017 09:30 font size decrease font size decrease font size increase font size increase font size

ယူကရိန်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ကို တင်သွင်းနေရသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ ပြန်လည်တင်ပို့သည့် နိုင်ငံဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်။ ယူကရိန်းအစိုးရ အနေဖြင့် ၂ဝ၃၅ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ၃၅ ဘီလီယံ ကုဗမီတာအထိ တိုးမြှင့်ထုတ် လုပ်ရန် စီစဉ်နေပြီး ၎င်းတို့အနက်မှ သဘာဝ ဓာတ်ငွေ့ ၅ ဘီလီယံ ကုဗမီတာကို ပြည်ပနိုင်ငံများသို့ တင်ပို့ရန် စီစဉ်ထားသည်။ နိုင်ငံအတွင်း အသုံးပြုနေသည့် သဘာဝဓာတ်ငွေ့ပမာဏကိုလည်း ၃ဝ ဘီလီယံ ကုဗမီတာအထိ လျှော့ချသွားရန် စီစဉ်နေကြောင်း ဒုတိယ ဝန်ကြီးချုပ် ဗို လိုဒိုမီယာကစ်ရှင်းက ပြောသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ သဘာဝဓာတ်ငွေ့ တူးဖော်ရေး ဆိုင်ရာအခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း အပါအဝင် စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း အားဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့သည့် နိုင်ငံအဖြစ်သို့ တက်လှမ်းမည့် အစိုးရ၏ ရည် မှန်းချက်ကို ပြည့် မြောက်စေနိုင်မည်ဟု ကစ်ရှင်းကဆိုသည်။ ယခုလက်ရှိတွင် ယူကရိန်းနိုင်ငံသည် ၎င်းတို့၏ အရန်သဘာဝ ဓာတ်ငွေ့တွင်းများမှ နှစ်စဉ် ၃ ဒသမ ၅ ရာခိုင်နှုန်းကိုသာ ထုတ်ယူလျက်ရှိသည်။ ယူကရိန်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ သုံးစွဲမှုပမာဏသည် ပြီးခဲ့ သည့်နှစ် တွင် ၃၃ ဒသမ ၃ ဘီလီယံရှိပြီး ယင်းပမာဏအနက် ၂ဝ ဒသမ ၂ ဘီလီယံ ကုဗမီတာကို နိုင်ငံအတွင်း၌ ထုတ်လုပ်ပြီး ကျန်ပမာဏကိုမူ ပြည်ပမှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

Read 298 times Last modified on Friday, 24 November 2017 09:34