SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဥရောပအထိ ရေနံစိမ်း ဈေးကွက် ချဲ့ထွင်ရန် ကြိုးပမ်းနေသည့် အီရန်

Friday, 24 November 2017 09:31 font size decrease font size decrease font size increase font size increase font size

အီရန်နိုင်ငံသည် ရေနံစိမ်းများကို ဥရောပ ဈေးကွက်များသို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်အသစ်များကို ရှာဖွေလျက်ရှိသည်။

အီရန်အစိုးရ အနေဖြင့် ဥရောပ၌ ရေနံစိမ်းဈေးကွက် အသစ်များရရှိရန် စေ့စပ်ဆွေးနွေးမှုများကို လုပ်ဆောင် လျက်ရှိပြီး အဓိက ရည်ရွယ်ချက်မှာ နိုင်ငံအတွင်းမှ ရေနံစိမ်းများကို ဥရောပနိုင်ငံများသို့ တိုးမြှင့်ပို့ဆောင် နိုင်ရန်ဖြစ်ကြောင်း အီရန်အစိုးရက ဆိုသည်။ အာရှဒေသရှိ ရေနံစိ မ်းဈေးကွက် အချို့သည် အီရန်မှ ရေနံစိမ်း တင်သွင်းမှုကို လျှော့ချလိုက်သော်လည်း ယင်းသို့လျှော့ချခြင်းသည် အီရန်၏ ရေနံစိမ်းတင်ပို့မှုကို လျော့ပါး စေခြင်းမရှိကြောင်း ပထမလက်ထောက် ရေနံဝန်ကြီး မာဇီရေရှာဒေအီက ဆိုသည်။ အီရန်၏ ကမ်းလွန်ရေနံ လုပ်ကွက်များကို အိန္ဒိ ယ ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေးရန် အီရန်အစိုးရက တွန့်ဆုတ်နေခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယနိုင်ငံသည် အီရန်မှ တင်သွင်းနေသည့် ရေနံစိမ်းပမာဏကို ပြီးခဲ့သည့် လအနည်းငယ်အတွင်း လျှော့ချခဲ့ပြီးနောက် အီရန်အစိုးရက ဥရောပ၌ ဈေးကွက်ချဲ့ထွင်လာခြင်း ဖြစ် သည်။

အိန္ဒိယအနေဖြင့် အီရန်မှတင်သွင်းနေသည့် ရေနံစိမ်းပမာဏသည် ပြီးခဲ့သည့်နှစ်အတွင်း ထက်ဝက်ခန့် လျော့ကျလာသည်။ အီရန်နိုင်ငံသည် လက်ရှိတွင် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၆ သန်းခန့်ကို တင်ပို့ လျက်ရှိပြီး ၎င်းတို့အနက် အများစုမှာ ဥရောပသို့ တင်ပို့နေခြင်ြး ဖစ်သည်။ အီရန်မှရေနံစိမ်းကို အဓိကအများ ဆုံးတင်သွင်းနေသည့် ဥရောပနိုင်ငံများတွင် ပြင်သစ်၊ နယ်သာလန်၊ ဂရိ၊ အီတလီနှင့် တူရကီတို့ ပါဝင်သည်။

Read 313 times Last modified on Friday, 24 November 2017 09:35