SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ရဲတပ်ဖွဲ့အား ပြန်လည် တာဝန် ပေးအပ်ဖွယ်ရှိ

Friday, 24 November 2017 09:31 font size decrease font size decrease font size increase font size increase font size

မနီလာ နိုဝင်ဘာ ၂၃

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့အား ပြန်လည်တာဝန် ပေးအပ်နိုင်ဖွယ်ရှိကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ဟာရီရိုကွီက နိုဝင်ဘာ ၂၃ ရက်တွင်ပြောသည်။

ဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွင်း လူငယ်များစွာ သေဆုံးပြီး သေဆုံးသူ အရေအတွက်များပြားလာခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ် သမ္မတဒူတာတေ သည် ပြီးခဲ့သည့်လတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း စဉ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ရဲ တပ်ဖွဲ့ကို ဒုတိယအကြိမ် တာဝန်မှရပ်ဆိုင်းပြီး တပ်ဖွဲ့ဝင် အနည်းငယ်သာရှိသည့် မူးယစ်ဆေးဝါး တိုက်ဖျက် ရေးအေဂျင်စီ PDEA ကို အစားထိုး တာဝန်ပေးအပ်သည်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ အရှိန် မြင့်လာနိုင်ပြီး မူးယစ်ေ ဆးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ် အောင်မြင်မှု မရတော့မည်ကို ဒူတာတေက စိုးရိမ် ပူပန်လျက်ရှိကြောင်း ဟာရီရိုကွီက ပြောသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဒူတာတေသည် မကြာမီ ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း၊ ဒူတာတေအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ် တွင် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ (PNP) ကို ပြန်လည် တာဝန်ပေးအပ်ပါက PDEA သည် ၎င်းတာဝန်ကို ဆက်လက် ထမ်း ဆောင်စရာ မလိုတော့ကြောင်း ရိုကွီက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။

PNP ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွင်း ဖိလစ်ပိုင်ပြည်သူ ၄ဝဝဝ နီးပါးသေဆုံးကြောင်း၊ ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် အကြိမ်အနည်းငယ် မူးယစ်ဆေးဝါး ရောင်းချသူများကိုသာ သတ်ဖြတ်နှိမ်နင်းလျက်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့နှင့် နိုင်ငံရေး အတိုက်အခံ အဖွဲ့များက ပြောသည်။ သို့သော် ရဲတပ်ဖွဲ့က ၎င်းတို့ကို ခုခံသည့် မူးယစ်ဆေးဝါးရောင်းချသူ အားလုံးကို သတ်ဖြတ်နှိမ်နင်းခြင်း ဖြစ်ကြောင်း အခိုင်အမာပြောသည်။

Read 309 times Last modified on Friday, 24 November 2017 09:35