SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အင်ဒိုနီးရှားတွင် လေဆင်နှာမောင်း တိုက်ခတ်၊ ၃၅ ဦးဒဏ်ရာရ နေအိမ် ၆ဝဝ ကျော်ပျက်စီး

Friday, 24 November 2017 09:32 font size decrease font size decrease font size increase font size increase font size

ဂျကာတာ နိုဝင်ဘာ ၂၃

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ နိုဝင်ဘာ၂၃ ရက်တွင် လေဆင်နှာမောင်း တိုက်ခတ်ရာ လူ ၃၅ ဦးဒဏ်ရာရပြီး နေအိမ် ၆ဝဝ ကျော်ပျက်စီးသွားကြောင်း ဒေသတွင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

လေဆင်နှာမောင်းသည် လူနေထူထပ်သည့် ဆီဒိုရာဂျိုဒေသ၌ လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၇ဝ (၄၅ မိုင်)နှုန်းဖြင့် ငါးမိနစ်ကြာ တိုက်ခတ်ခြင်းဖြစ်ပြီး ဒေသတွင်း သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီမှ အကြီးအကဲ ဒီဝစ်ဂျိုပရာဝစ်တိုက ပြောသည်။ ဆီဒိုရာ ဂျိုဒေသသည် နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ကြီးဖြစ်သည့် ဆူရာဘာယာမြို့ တောင်ဘက်တွင် တည်ရှိပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေ သခံ ၁ဝဝ ခန့်ကို မြို့အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းသို့ အာဏာပိုင်များက ရွှေ့ပြောင်းပေးထား ကြောင်း သိရသည်။ အဆို ပါဒေသ၌ ယခုနှစ် ဖေဖော်ဝါရီလတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသတွင်းရှိ နေအိမ် ၁၆၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

Read 355 times Last modified on Friday, 24 November 2017 09:35