SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ ငြမ်းပြိုကျမှု ဖြစ်ပွား၊ ငါးဦးသေ သုံးဦး ဒဏ်ရာရ

Friday, 24 November 2017 11:33 font size decrease font size decrease font size increase font size increase font size

ဝူဟန် နိုဝင်ဘာ ၂၃

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ပိုင်းတွင် ငြမ်းပြိုကျမှု ဖြစ်ပွားရာ လူငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ဒေသတွင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂၃ ရက်တွင်ပြောသည်။

အဆိုပါ မတော်တဆမှုသည် ကျန်းရှီစီရင်စု၌ ဖြစ်ပွားခြင်းဖြစ်ပြီး ပြိုကျမှုဖြစ်ပွားချိန်တွင် အလုပ်သမားများ သည် တရုတ်စက်မှုနှင့် စီးပွားရေးဘဏ်မှ ဘဏ်ခွဲတစ်ခု၏ အဆောက်အအုံဟောင်းကို ဖြိုချနေခြင်းဖြစ် ကြောင်း စီရင်စုအုပ်ချုပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒဏ်ရာရရှိသူ သုံးဦးသည် ဆောက်လုပ် ရေးလုပ်ငန်းခွင်အနီး၌ အလုပ်လုပ်သော အစားအစာနှင့် ဆေးဝါးစစ်ဆေးရေး အရာရှိများ ဖြစ်ကြောင်းနှင့် မတော်တဆမှု ဖြစ်ပွားစဉ် ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီးမှ ဖြတ်သန်းသွားလာသူများ ဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးအ ဖွဲ့သည် သေဆုံးနေသည့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို အပျက်အစီးများ ကြားမှတွေ့ရှိကြောင်း ဒေသတွင်း အစိုးရ၏ ပြောဆိုချက်အရ သိရသည်။

ရဲတပ်ဖွဲ့သည် ငြမ်းပြိုကျမှုနှင့် ဆက်စပ်နေသော လူခြောက်ဦးကို ဖမ်းဆီးထားကြောင်းနှင့် နောက်ထပ် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Read 331 times Last modified on Friday, 24 November 2017 11:51