SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂျပန်ဧကရာဇ် ထီးနန်း စွန့်ခြင်းနှင့် ပတ်သက်၍ အထူးအဖွဲ့က ဆွေးနွေးမည်

Friday, 24 November 2017 11:55 font size decrease font size decrease font size increase font size increase font size

တိုကျို နိုဝင်ဘာ ၂၃

ဂျပန်နိုင်ငံ၌ ရာစုနှစ် နှစ်ခုနီးပါးအကြာတွင် ပထမဆုံး အကြိမ်ဖြစ်သည့် ဂျပန်ဧကရာဇ် ထီးနန်းစွန့်ခြင်းနှင့် ပတ်သက်၍ အထူးအဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။

လာမည့်ဒီဇင်ဘာ ၂၃ ရက်တွင် သက်တော် ၈၄ နှစ်ပြည့်မည်ဖြစ်သည့် ဂျပန်ဧကရာဇ် အာကီဟီတိုသည် နှလုံးခွဲစိတ်မှုနှင့် ဆီးကျိတ်ကင်ဆာ ကုသမှုကို ခံယူနေရသည့်အတွက် ၎င်း၏ တာဝန်များကို အပြည့်အဝ မထမ်းဆောင်နိုင်တော့မည်ကို စိုးရိမ်ကြောင်းနှင့် ထီးနန်းစွန့်လိုကြောင်း ပြီးခဲ့သည့်နှစ်တွင် ပြောဆိုထားသည်။ ထို့ပြင် ဧကရာဇ်အာကီဟီတို၏ အရိုက်အရာကို အသက် ၅၇ နှစ်ရှိ အိမ်ရှေ့မင်းသား နာရူဟီတိုအား လွှဲပြောင်းပေးခွင့်ပြုမည့် ဥပဒေတစ်ရပ်ကို ဇွန်လတွင် ပြဋ္ဌာန်းထားသော်လည်း နန်းစွန့်မည့် အချိန်အတိအကျကို သတ်မှတ်ရခြင်း မရှိသေးပေ။

အဆိုပါ ထီးနန်းစွန့်ခြင်းနှင့် နန်းမွေဆက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တရားသူကြီးချုပ်တို့ ပါဝင်သည့် အဖွဲ့ဝင် ၁ဝ ဦးက ဆွေးနွေးသွားမည် ဖြစ်သည်။ ဧကရာဇ် အာကီဟီတိုသည် ၎င်း၏ဖခင် ဟီရိုဟီတို လက်ထက်တွင် ဖြစ်ပွားသည့် ပြည်တွင်းစစ် အတွင်း ဒဏ်ရာရသူများနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုဒဏ် ခံစားနေရသူ သို့မဟုတ် အခြားဘေးဒုက္ခ ရောက်နေသူများကို နှစ်သိမ့်ပေးမှုများနှင့် ကူညီစောင့်ရှောက်ပေးမှုများကြောင့် ပြည်သူများ၏ ရိုသေလေးစားမှုကို ရရှိထားကြောင်း သိရသည်။

Read 291 times Last modified on Friday, 24 November 2017 11:56