SJ WorldNews - шаблон joomla Авто

မြို့တော်ကိုပိတ်ဆို့ဆန္ဒပြနေသူများအား ပါကစ္စတန်ရဲတပ်ဖွဲ့ဖြိုခွင်း၊ လူ ၁၃ဝ ကျော် ဒဏ်ရာရ

Sunday, 26 November 2017 10:35 font size decrease font size decrease font size increase font size increase font size

အစ္စလာမ်မာဘတ်  နိုဝင်ဘာ  ၂၅

ပါကစ္စတန်နိုင်ငံတွင် မြို့တော်ကို ပိတ်ဆို့ဆန္ဒပြနေသည့်   အယူအဆတင်းမာသော အစ္စလာမ်မစ်ဝါဒီများကို ရဲတပ်ဖွဲ့က နိုဝင်ဘာ၂၅ ရက်တွင် ဖြိုခွင်းရာ အနည်းဆုံးလူတစ်ဦးသေဆုံးပြီး  ၁၃ဝ  ကျော်  ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အစ္စလာမ်မစ်ဝါဒီများသည်   မြို့တော်အစ္စလာမ်မာဘတ်ရှိ လမ်းမကြီးများကို  ရက်သတ္တနှစ်ပတ်ကြာပိတ်ဆို့ပြီးနောက် ရဲတပ်ဖွဲ့က ဖြိုခွင်းခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ဖြိုခွင်းမှုအတွင်း အစ္စလာမ်မစ်တက်ကြွလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား အဓိကရုဏ်းများဖြစ်ပွားရာ  ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် မီးသတ်ရေပိုက်တို့ကို   အသုံးပြုခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူအများစုမှာ  အစ္စလာမ်မစ်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့်  တရိအီးလာဘက်မှဖြစ်ပြီး အရေအတွက်အားဖြင့် ၁ဝဝဝ ခန့်ရှိသည်။ ၄င်းတို့ကိုလူစုခွဲနိုင်ရန်  ရဲတပ်ဖွဲ့ကလုံခြုံရေးတပ်ဖွဲ့ဝင် ၄ဝဝဝ ခန့်ကို ဖြန့်ကြက်ခဲ့ ရကြောင်း Reuters  သတင်းဌာနက ဖော်ပြသည်။

ရဲတပ်ဖွဲ့သည်  ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူအများအပြားကိုလည်း    ဖမ်းဆီးခဲ့ကြောင်းမျက်မြင်သက်သေများကဆိုသည်။

အဓိကရုဏ်းများအတွင်း  ဆန္ဒပြသူများသည် ရဲကားတစ်စီးကို မီးရှို့ဖျက်ဆီးလိုက်ပြီး ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့်ပစ်ပေါက်ကြောင်း သိရသည်။ ဆန္ဒပြသူများ၏လမ်းပိတ်ဆို့မှုကြောင့် မြို့တော်အတွင်း ဆက်သွယ်သွားလာရာတွင်  အခက်အခဲများကိုဖြစ်ပေါ်စေခဲ့သည်။

ဆန္ဒပြသူများသည်  အစိုးရက  ယခုနှစ်စက်တင်ဘာလတွင် အတည်ပြုပြဋ္ဌာန်းလိုက် သည့်  ရွေးကောက်ပွဲအက်ဥပဒေပါ  ကျမ်းသစ္စာကျိန်ဆိုမှုပြောင်းလဲခြင်းသည် ဘာသာရေးစော်ကားမှုတစ်ရပ်အဖြစ်ယူဆကာ ကန့်ကွက်ထားပြီး တရားရေးဝန်ကြီးကို ရာထူးမှဖြုတ်ချရန် ယင်းပါတီက တောင်းဆိုထားကြောင်း သိရသည်။

Ref: Reuters, PTI

Read 305 times Last modified on Sunday, 26 November 2017 10:35