SJ WorldNews - шаблон joomla Авто

အမေရိကန် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ၏ ဆီးရီးယားနိုင်ငံအတွင်း စစ်ဆင်ရေးတွင်  IS စစ်သွေးကြွအဖွဲ့ခေါင်းဆောင် အဘူဘာကာအယ်ဘဂ္ဂဒါဒီသေဆုံးပြီးနောက် ဖိလစ်ပိုင်စစ်ဘက်က အောက်တိုဘာ ၂၈ ရက်တွင် နိုင်ငံအတွင်း၌ လုံခြုံရေး အသင့်အနေအထားပြင်ဆင်ကြောင်း သိရသည်။

ဘဂ္ဂဒါဒီသေဆုံးခြင်းသည် တစ်ကမ္ဘာလုံးရှိ စစ်သွေးကြွ အဖွဲ့များအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း၊ မင်ဒါနာအိုပြည်နယ် အပါအဝင် နိုင်ငံအတွင်းလှုပ်ရှားနေသည့် စစ်သွေးကြွအဖွဲ့များကို ဆက်လက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ပြောသည်။ သို့သော် ဘဂ္ဂဒါဒီသေဆုံးခြင်းသည် ကမ္ဘာ့နိုင်ငံများအပေါ် အပြုသဘောမဆောင်သည့် အကျိုးဆက်များ ကျရောက်လာနိုင်ကြောင်း စစ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်အက်ဂါ့အာရီဗာလိုကပြောသည်။    ထို့ကြောင့် ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့များ အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်ရန်ကြိုးပမ်းမှုများကို ကာကွယ်နိုင်ရေးအတွက် နိုးနိုးကြားကြား ရှိနေကြောင်း ¤င်းကဆက်ပြောသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့်လည်း သတိဝီရိယဖြင့် နေထိုင်ကြရန်၊ သံသယ ဖြစ်ဖွယ်လူပုဂ္ဂိုလ်များနှင့် လုပ်ဆောင်မှုများ တွေ့ရှိပါက အာဏာပိုင်များထံ အကြောင်းကြားရန် ၄င်းက တိုက်တွန်းထားသည်။

ဖိလစ်ပိုင်စစ်ဘက်သည် ၂ဝ၁၇ ခုနှစ်တွင် မာရာဝီမြို့ကို ငါးလကြာသိမ်းပိုက်ထားသည့် IS စစ်သွေးကြွများနှင့် ဆက်နွှယ်သောစစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်၍ မြို့ကို ပြန်လည်သိမ်းယူခဲ့ရကြောင်း သိရသည်။

ထိုတိုက်ပွဲများ၌ သေဆုံးသူများတွင် ဖိလစ်ပိုင်စစ်သွေးကြွခေါင်းဆောင် အစ်စနီလွန်ဟာပီလွန်ပါဝင်ပြီး ၄င်းသည်IS စစ်သွေးကြွအဖွဲ့၏ အရှေ့အာရှဒေသစော်ဘွားအဖြစ် ခံယူထားသူဖြစ်ကြောင်း သိရသည်။

Ref: DPA

Page 9 of 406