SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 105

မနီလာ သြဂုတ် ၂၁

ဖိလစ်ပိုင်စစ်ဘက် တပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများ စခန်းချရာ နိုင်ငံတောင်ပိုင်းရှိ ကျွန်းတစ်ကျွန်း၌ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း ကိုးလကြာ ဖမ်းဆီးခံထားရသည့် ဗီယက်နမ် သင်္ဘောသား တစ်ဦးကို စစ်သွေးကြွများ လက်မှ ကယ်ဆယ်လိုက်နိုင်ကြောင်း ဖိလစ်ပိုင်ရေတပ်မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက သြဂုတ် ၂၁ ရက်တွင် ပြောသည်။

နယူးဒေလီ သြဂုတ် ၂၁

အိန္ဒိယနိုင်ငံ နယူးဒေလီ လေဆိပ်၌ သြဂုတ် ၂ဝ ရက်ညနေပိုင်းတွင် လေယာဉ်မှူး တစ်ဦးက မောင်းသူမဲ့ လေယာဉ်ကဲ့သို့ အရာတစ်ခုကို တွေ့ရှိပြီးနောက် လေကြောင်း ခရီးစဉ်များကို တစ်နာရီခွဲကြာ ရပ်တန့်လိုက်ရကြောင်း Time of India သတင်းဌာနက ထုတ်ပြန်သည်။

နယူးဒေလီ    သြဂုတ်   ၂ဝ

အိန္ဒိယနိုင်ငံမြောက်ပိုင်း အွတ်တရာပရာဒေ့ပြည်နယ်၌ မီးရထားတစ်စင်းလမ်းချော်တိမ်း မှောက်မှုဖြစ်ပွားရာ

ဝါရှင်တန်   သြဂုတ်   ၂ဝ

အမေရိကန် ရေတပ်သည် မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှုကြောင့် ဂူအမ်ကျွန်း၌ လက်ရှိ အသုံးပြုနေသည့်

ဆိုး သြဂုတ် ၂ဝ

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း တောင်ဂျုံဆန် ပြည်နယ်ရှိ သင်္ဘောကျင်း တစ်ခု၌ သြဂုတ် ၂ဝ ရက်တွင် တည်ဆောက်ဆဲ ရေနံတင် သင်္ဘောတစ်စင်းပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ အလုပ်သမားလေးဦး သေဆုံးသွားကြောင်း သိရသည်။

ဘယ်ဂျီယံနိုင်ငံ မယ်မီဒီမြို့၌ နှစ်ပေါင်း ၂၂ သက်တမ်း ရှိပြီဖြစ်သည့် အစဉ်အလာ မပျက် ကြက်ဥကြော် ပွဲတော်ကို ကျင်းပသည်။

တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် နားကိုက်ခြင်း ဝေဒနာ ခံစားရသည့်အတွက် ဆေးရုံသို့ သွားရောက်ပြသရာ ၎င်း၏ နားအတွင်းမှ တောက်တဲ့တစ်ကောင်ကို ဆရာဝန်များက ဖယ်ရှား ပေးလိုက်ရသည်။

ဒါကာ သြဂုတ် ၂ဝ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသူ ၁ဝ ဦးကို ဒါကာမြို့တော်ရှိ အထူးခုံရုံးက သေဒဏ် ချမှတ်လိုက်ကြောင်း မီဒီယာ တစ်ခုက သြဂုတ် ၂ဝ ရက်တွင် ဖော်ပြသည်။ သေဒဏ်ချမှတ် ခံရသူများသည် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဟာကက်အူဂျီဟက် အယ်အစ္စလာမီ (HUJI) အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့သည် ဟာဆီနာအား ၂ဝဝဝ ပြည့်နှစ် အတွင်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း Xinhua သတင်းဌာနက ထုတ်ပြန်သည်။

မနီလာ သြဂုတ် ၂ဝ

ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော် မနီလာမြို့၏ မြောက်ဘက်ရှိ နျူဗာအီစီဂျာ ပြည်နယ်၌ ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားလျက် ရှိသည်ဟု စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက အတည် ပြုပြီးနောက် ယင်းပြည်နယ်ရှိ ကြက်ထောင်ပေါင်း များစွာကို သုတ်သင်ရန် စစ်ဘက်တပ်ဖွဲ့ဝင် များကို စေလွှတ်လိုက်ကြောင်း သိရသည်။

စပိန်နိုင်ငံ ကာတာလိုနီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် သြဂုတ် ၁၇ ရက် နှင့် ၁၈ ရက် အစောပိုင်းက ဖြစ်ပွားသည့် တိုက်ခိုက်မှုများသည် စပိန်ပြည်သူများကို တုန်လှုပ်စေခဲ့သည်ကိုတွေ့ရသည်။

Page 383 of 395