SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဆိုး သြဂုတ် ၁၆

တောင်ကိုရီးယား နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD)၏ အဖွဲ့ဝင် နိုင်ငံများအနက် အလုပ်ချိန် ဒုတိယ အများဆုံး နိုင်ငံဖြစ်သော်လည်း လစာမှာ ယင်းအဖွဲ့ဝင် နိုင်ငံများထက် နည်းနေကြောင်း သြဂုတ် ၁၆ ရက်ထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။

ဗလာဒီဗော့စတော့ သြဂုတ် ၁၆

ရုရှားနိုင်ငံ အရှေ့ဖျားပိုင်းတွင် တောမီး လောင်ကျွမ်းမှုများကြောင့် နေ့စဉ်ဟက်တာ ၂၅ဝဝဝ ခန့်မီးလောင်ကျွမ်းလျက် ရှိကြောင်း ဒေသတွင်း သစ်တောဌာနက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပေကျင်း သြဂုတ် ၁၆

တရုတ်နိုင်ငံ၏ ဘာသာရေး လွတ်လပ်ခွင့်နှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်၏ ဝေဖန် ပြောဆိုချက်ကို တရုတ် အစိုးရက သြဂုတ် ၁၆ ရက်တွင် ပြန်လည်တုံ့ပြန် ချေပလိုက်ကြောင်း သိရသည်။

ရောမ သြဂုတ် ၁၆

ရောမမြို့မြောက်ပိုင်း လူနေရပ်ကွက် တစ်ခုရှိ အမှိုက်အိတ် တစ်လုံးအတွင်းမှ အမျိုးသမီး တစ်ဦး၏ ခြေထောက်ပြတ် တစ်စုံကို ရှာဖွေတွေ့ရှိကြောင်း ရဲတပ်ဖွဲ့၏ သတင်း အရင်းအမြစ်ကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားသည်။

ဆရီနာဂါ သြဂုတ် ၁၆

အိန္ဒိယနှင့် ပါကစ္စတန် တပ်ဖွဲ့များသည် ကက်ရှမီးယား ပြည်နယ်ကို နှစ်ခြမ်းခွဲထားသည့် နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ် မျဉ်းပေါ်ရှိ နှစ်ဖက်စခန်း များကို သြဂုတ် ၁၆ ရက်တွင် အပြန်အလှန် ပစ်မှတ်ထားပြီး ပစ်ခတ်မှုကြီးများ လုပ်ဆောင်ကြကြောင်း တာဝန်ရှိသူများ ကပြောသည်။

တိုကျို   သြဂုတ်  ၁၅

ကိုရီးယားကျွန်းဆွယ်ပေါ်၌ ပြုလုပ်မည့် စစ်ရေးလှုပ်ရှားမှုများသည် တောင်ကိုရီးယား၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်၍ မရကြောင်း တောင်ကိုရီးယားသမ္မတ   မွန်ဂျေးအင်၏ ပြောဆိုချက်ကို  ဒေသတွင်း သတင်းဌာနက သြဂုတ် ၁၅ ရက်တွင် ဖော်ပြသည်။

လာဆာ  သြဂုတ်  ၁၅

တရုတ်နိုင်ငံတောင်ပိုင်း တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်းက ဒေသခံ တစ်သိန်းခွဲခန့်သည် ဆင်းရဲမှုမှ ရုန်းထွက်နိုင်ခဲ့ကြောင်း တိဗက်ဆင်းရဲမှု လျှော့ချရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မနီလာ   သြဂုတ်   ၁၅

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဘူလာကန်ပြည်နယ်၌ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် သံသယရှိသူ အနည်းဆုံး ၂၁ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်နိုင်ကြောင်း သြဂုတ် ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မနီလာ သြဂုတ် ၁၅

တောင်တရုတ် ပင်လယ်၌ ကျွန်းအသစ်များ တိုးချဲ့သွားမည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ဖိလစ်ပိုင် အစိုးရကို အခိုင်အမာ ပြောထားသည်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲဖင်လိုရန်ဇာနာက ပြောသည်။

ဖရီးတောင်း သြဂုတ် ၁၅

ဆီယာရာလီယွန်နိုင်ငံ ဖရီးတောင်းမြို့၌ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့်လူ ၃ဝဝ ကျော်သေဆုံးပြီးနောက် အသက်ရှင် ကျန်ရစ်သူများ အတွက် ရှာဖွေကယ်ဆယ်မှု လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

Page 473 of 482