SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မနီလာ  သြဂုတ် 

တရုတ်၊ ဂျပန်၊  တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများ အနေဖြင့် ပြည်တွင်း လုပ်ငန်းများကို ပြည်ပ ယှဉ်ပြိုင်မှုမှ ကာကွယ်ပေးခြင်း မြင့်တက်လာမှုနှင့် စပ်လျဉ်း၍ ပိုမိုပူးပေါင်း ဆောင်ရွက် ရမည်ဖြစ် ကြောင်း

ဂျကာတာ   သြဂုတ်  

အင်ဒိုနီးရှားနိုင်ငံသည် ရုရှားနိုင်ငံထုတ် ဆူခွိုင်အမျိုးအစား တိုက်လေယာဉ် ၁၁ စင်း ရရှိရန် အတွက်

တိုကျို သြဂုတ် ၆

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အက်တမ်ဗုံး အကြဲခံရသည့် ၇၂ နှစ်မြောက် အထိမ်းအမှတ်အား ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံ၌ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ကျင်းပသည်။ ဟီရိုရှီးမားမြို့သည် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ခံရသည့် ပထမဆုံး မြို့ဖြစ်သည်။

ဟနွိုင်း သြဂုတ် ၆

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ပြည်နယ်လေးခု၌ ပြီးခဲ့သည့် သုံးရက်အတွင်း ရေကြီးမှုကြောင့် ရုပ်အလောင်း ၁၆ လောင်းထပ်မံ တွေ့ရှိသည့်အတွက် သေဆုံးသူ အရေအတွက် ၂၃ ဦးအထိ မြင့်တက်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆာနား သြဂုတ် ၆

ယီမင်နှင့် ဆော်ဒီအာရေဗျ နိုင်ငံအနောက်ပိုင်း နယ်စပ်အနီး ပြီးခဲ့သည့် သုံးရက်အတွင်း ယီမင်တပ်ဖွဲ့နှင့် ဟူသီ သူပုန်များအကြား ဖြစ်ပွားသော တိုက်ခိုက်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများအတွင်း ယီမင်တပ်ဖွဲ့ဝင် ၁၇ ဦးနှင့် ဟူသီသူပုန် ၃၁ ဦးသေဆုံးကြောင်း ယီမင်အစိုးရ သတင်းအရင်းအမြစ် တစ်ခုက သြဂုတ် ၆ ရက်တွင်ပြောသည်။

မနီလာ သြဂုတ် ၆

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)သည် တောင်တရုတ် ပင်လယ်အတွက် အမှန်တကယ် ကျင့်ဝတ်စည်းမျဉ်း ထွက်ပေါ်လာရေး တရားဝင်ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နိုင်မည့် တရုတ်နိုင်ငံက အဆိုပြုသော ပဏာမ လုပ်ငန်းစဉ်များကို သြဂုတ် ၆ ရက် တွင်သဘောတူလိုက်ကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူ တစ်ဦးကပြောသည်။

လာဂို့ သြဂုတ် ၆

နိုက်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အနာမ်ဘရာပြည်နယ် အိုဇူဘူလူဒေသရှိ စိန့်ဖိလစ် ကက်သလစ် ဘုရားကျောင်း၌ သြဂုတ် ၆ ရက် နံနက် အစောပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားရာ ဝတ်ပြု ဆုတောင်းသူရှစ်ဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာ ရရှိကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောသည်။

မဲဘုန်း သြဂုတ် ၆

သြစတြေးလျနိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်၌ သြဂုတ် ၅ ရက်တွင် လေယာဉ်ပျက်ကျ ပြီးချိန်မှစ၍ ပျောက်ဆုံးနေသော မရိန်းတပ်ဖွဲ့ဝင်သုံးဦးအား အမေရိကန်မရိန်း တပ်ဖွဲ့က ရှာဖွေမှုဆိုင်းငံ့ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီရန် လက်နက်ကိုင် တပ်ဖွဲ့ကို စေလွှတ်ထားကြောင်း သြစတြေးလျ အစိုးရက သြဂုတ် ၆ ရက်တွင်ပြောသည်။

လန်ဒန် သြဂုတ်    

ဥရောပသမဂ္ဂမှဗြိတိန်ခွဲထွက်မှုမူကြမ်း အရ ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂအား ပေါင် ၃၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ) ပေးချေရန်အသင့်ရှိကြောင်း

တိုကျို    သြဂုတ်   

ယခုနှစ် အတွင်း ကမ္ဘာ့ အပြင်းဆုံး တိုက်ခတ်သည့် နိုရူတိုင် ဖွန်းမုန်တိုင်းသည် သြဂုတ် ၆ ရက် တွင်

Page 480 of 483