SJ WorldNews - шаблон joomla Авто

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ် မောင်မယ်သစ်များ ခေါ်ယူ

Tuesday, 09 January 2018 11:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ 

မြန်မာနိုင်ငံ၏   လေကြောင်းလောက တိုးတက်စေရေး ပြည်တွင်း၌သာမက ဒေသ တွင်းနိုင်ငံများ၌ပါ ဝန်ဆောင်မှုကောင်းများ ပေးနိုင်သည့်  လေကြောင်းလိုင်းဖြစ်စေရန်နှင့် လေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အကောင်းဆုံးဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airline) မှ လေယာဉ်မောင်၊  လေယာဉ်မယ်အသစ်များ  ခေါ်ယူလျက် ရှိကြောင်း သိရသည်။

လေယာဉ်မောင်၊   လေယာဉ်မယ်များ အတွက်   သတ်မှတ်အရည်အချင်းများမှာ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်း လူပျို၊အပျို ဖြစ်ရမည်ဖြစ်ကာ ပညာအရည်အချင်းမှာ အနည်းဆုံး ဒုတိယနှစ် အောင်မြင်ထားသူဖြစ်ရမည်ဖြစ်သည်။ အမျိုးသားများ အတွက် အရပ် ၅ ပေ ၆ လက်မနှင့် အမျိုး သမီးများအတွက် အရပ် ၅ ပေ ၄ လက်မ အနည်းဆုံးရှိရမည်ဖြစ်ပြီး  ရေကူးတတ်ရမည်ဖြစ်သည်။ မျက်မှန်တပ်ဆင်သူ မဟုတ်ဘဲ    အင်္ဂလိပ်စကား သင့်တင့်စွာ ပြောဆိုနိုင်သူ ဖြစ်ရမည်ဖြစ်ပြီး ရွေးချယ်ခံရပါက  မြန်မာ အမျိုးသားလေကြောင်းလိုင်းတွင်  ငါးနှစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။ လျှောက်ထားလိုသူများ အနေဖြင့် ကိုယ်တိုင်ရေး  ကိုယ်ရေးရာဇဝင် အကျဉ်း၊ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ၊   သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်းနှင့်  ရပ်ကွက်ထောက်ခံစာ၊  ရှေ့ နောက် ဝဲယာရိုက်ကူး ထားသည့် ကိုယ်လုံးပြည့် ဓာတ်ပုံတစ်ပုံစီ၊ ပတ်စ်ပို့အရွယ်ဓာတ်ပုံ သုံးပုံနှင့်အတူ  လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲလျက် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ    မြန်မာအမျိုးသား လေကြောင်းလိုင်း (ရုံးချုပ်) သို့ ဖေဖော်ဝါရီ ၂၈ ရက်   နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည်  ပြည်တွင်း၌  မြို့ပေါင်း  ၃ဝ  ခန့်သို့ ပျံသန်းလျက်ရှိပြီး   နိုင်ငံတကာ ပျံသန်းမှုအနေဖြင့် စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်း နိုင်ငံတို့သို့ ပျံသန်းလျက် ရှိသည်။  အဆိုပါ  လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏  နိုင်ငံတော်ပိုင် လေကြောင်းလိုင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အကျယ်ပြန့်ဆုံး ခရီးစဉ်ကွန်ရက်ဖြင့်  ရှင်သန်ရပ်တည်ခဲ့သည်မှာ နှစ်  (၇ဝ)  ပြည့်ပြီဖြစ်ကြောင်း သိရသည်။                      

Read 1150 times Last modified on Tuesday, 09 January 2018 11:18