SJ WorldNews - шаблон joomla Авто

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နယ်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Wednesday, 10 January 2018 08:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)သည် ဇန်နဝါရီ ၈ရက်နှင့် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့နယ်ရှိ  တပ်မတော်ဆေးရုံ၌  ဒေသခံပြည်သူ ၂၇၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၄ ဦး၊ ခွဲစိတ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ သားဖွား/မီးယပ် ရောဂါခြောက်ဦး၊ အရိုးရောဂါ ၂၅ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၄ ဦး၊ မျက်စိရောဂါ ၅၈ ဦးနှင့် သွားရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အရိုးခွဲစိတ် လူနာနှစ်ဦး၊

မျက်စိခွဲစိတ်လူနာ ၁၃ ဦး၊ ဓာတ်မှန်ရိုက် လူနာတစ်ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက် လူနာနှစ်ဦး၊ ECG  စက်ဖြင့် နှလုံးစမ်းသပ် လူနာငါးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ခုနစ်ဦး တို့ကို   ရောဂါရှာဖွေ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁ဝ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင်ကုသပေးနိုင်ခဲ့ပြီး မီးဖွားလူနာတစ်ဦးအား ဆေးရုံသင်္ဘော ပေါ်ရှိ ခွဲစိတ်ခန်း၌ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Read 1060 times Last modified on Wednesday, 10 January 2018 08:26