SJ WorldNews - шаблон joomla Авто

စင်ကာပူရေတပ်ဖွဲ့ သတင်းအချက် အလက် ပေါင်းစပ်ညှိနှိုင်းရေး ဌာန၏ (၁ဝ)နှစ်ပြည့် အထိမ်း အမှတ် ပွဲများသို့ တက်ရောက် ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ ပြန်လည် ရောက်ရှိ

Thursday, 23 May 2019 08:20 font size decrease font size decrease font size increase font size increase font size

နိုင်ငံတကာ ပင်လယ်ရေကြောင်း ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းပြပွဲ၊ (၆)ကြိမ်မြောက် နိုင်ငံတကာရေကြောင်း လုံခြုံရေး ကွန်ဖရင့်နှင့်  စင်ကာပူရေတပ်ဖွဲ့ သတင်းအချက် အလက် ပေါင်းစပ်ညှိနှိုင်းရေး ဌာန၏ (၁ဝ)နှစ်ပြည့် အထိမ်း အမှတ် ပွဲများသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ ပြန်လည် ရောက်ရှိ

နေပြည်တော်  မေ  ၂၂

စင်ကာပူနိုင်ငံတွင် မေ ၁၃ရက်မှ ၁၆ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ ပင်လယ်ရေကြောင်းဆိုင်ရာ ကာကွယ် ရေး ပစ္စည်းများပြပွဲ (International Maritime Defence Exhibition and Conference Asia  2019-IMDEX  Asia  2019) ၊ (၆) ကြိမ်မြောက် နိုင်ငံတကာရေကြောင်းလုံခြုံ ရေးကွန်ဖရင့် (6th  International  Mari-time Security Conference-6th IMSC) နှင့်  စင်ကာပူရေတပ်ဖွဲ့ သတင်းအချက်အလက် ပေါင်းစပ်ညှိနှိုင်းရေး ဌာန၏ (၁ဝ)နှစ်ပြည့် အထိမ်းအမှတ် (10th  Anniversary  of Information  Fusion  Center-IFC 10th Anniversary) ပွဲများသို့ တက်ရောက် ခဲ့သည့် တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့် ဦးဆောင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)နှင့်   စစ်ရေယာဉ်(ဆင်ဖြူရှင်) တို့သည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ် ဆိပ်ခံတံတားသို့ ပြန်လည် ရောက်ရှိ ရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ ပွဲများသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ် (ကျန်စစ်သား)သည် မေ ၇ရက်တွင် ရန်ကုန်မြို့မှ စင်ကာပူ နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှန်တုန်းပြည်နယ်၊  ချင်းတောင်မြို့တွင်  ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ် နှစ်(၇ဝ)ပြည့်နှင့် China-Southeast Asia Maritime Exercise 2019 ပွဲများသို့  ပါဝင်တက်ရောက်ခဲ့ပြီး  အပြန်အလှန် ခရီးစဉ်၌ စင်ကာပူ နိုင်ငံသို့ ဝင်ရောက်၍ စစ်ရေယာဉ်(ကျန်စစ်သား) နှင့်အတူ ပူးပေါင်း ပါဝင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူ နိုင်ငံ တွင် ကျင်းပပြုလုပ်သည့် အဆိုပါပွဲများသို့ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ရေတပ်ဦးစီးချုပ်များနှင့်   ကိုယ်စား လှယ် အရာရှိကြီးများ၊  ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ရေကြောင်းဆိုင်ရာ အေဂျင်စီများမှ ကိုယ်စား လှယ်အရာရှိကြီးများ တက်ရောက် ခဲ့ကြပြီး နိုင်ငံ  ၁၄နိုင်ငံမှ စစ်ရေယာဉ်  ၂၁ စင်း စေလွှတ် ပါဝင်ခဲ့ကြသည်။ အဆိုပါပွဲသို့ ပါဝင် တက်ရောက် ခဲ့ကြသော စစ်ရေယာဉ်များသို့ စင်ကာပူ ပြည်သူများက လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များကလည်း အပြန်အလှန် လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

စစ်ရေယာဉ်များ စင်ကာပူနိုင်ငံသို့ ရောက် ရှိနေစဉ်ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော     ကိုယ်စားလှယ် အဖွဲ့သည်လည်း စင်ကာပူနိုင်ငံသို့ သွားရောက်၍ နိုင်ငံတကာ ပင်လယ် ရေကြောင်း ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများပြပွဲ၊ (၆)ကြိမ်မြောက် နိုင်ငံတကာ ရေကြောင်း လုံခြုံရေး ကွန်ဖရင့်နှင့် စင်ကာပူ ရေတပ်ဖွဲ့သတင်းအချက်အလက်ပေါင်းစပ် ညှိနှိုင်းရေးဌာန၏   (၁ဝ)နှစ်ပြည့်အထိမ်း အမှတ်ပွဲသို့ ပါဝင် တက်ရောက် ခဲ့ကြသည်။

စစ်ရေယာဉ် (ကျန်စစ်သား) ၏ ယခုသွား ရောက်ခဲ့သော ရန်ကုန်- စင်ကာပူ- ရန်ကုန် ခရီးစဉ်သည် စုစုပေါင်း ရေမိုင် ၂၅ဝဝ ကျော် ဖြစ်ပြီး စစ်ရေယာဉ် (ဆင်ဖြူရှင်)၏ ရန်ကုန်- ချင်းတောင်- စင်ကာပူ- ရန်ကုန် ခရီးစဉ်သည် စုစုပေါင်း ရေမိုင် ၇၈ဝဝကျော် ဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

..........

Read 280 times Last modified on Thursday, 23 May 2019 08:22