SJ WorldNews - шаблон joomla Авто

မြန်မာ-လာအို ပြည်သူများ၏ ဘုံအကျိုး စီးပွားအတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်

Thursday, 23 May 2019 09:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး H.E. Mr.  Heuangseng  KHAMDALAVONG အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-လာအို ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းအကြား ထိတွေ့ ဆက်ဆံမှုမြှင့်တင်ရေး ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်၌ အပြန်အလှန် ထောက်ခံပေးသွားရန် တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                    

(သတင်းစဉ်)

Read 291 times Last modified on Thursday, 23 May 2019 09:31