SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီး H. E. Ms. Akua Sekyiwa Ahenkora အားလက်ခံတွေ့ဆုံ

Thursday, 20 June 2019 20:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂၀

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် H. E. Ms. Akua Sekyiwa Ahenkora အား ယနေ့ ည‌နေပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော် အရာရှိကြီးများ တက် ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံမှူးကြီး Ms. Angela Aryee တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် အခြေအနေ များ၊ ဂါနာနိုင်ငံ၏ တပ်မတော် သမိုင်းကြောင်းဆိုင်ရာများ၊ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ဆိုင်ရာများတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နေမှု အခြေအနေများ နှင့်ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ အရေးကိစ္စများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေ များအား ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 282 times Last modified on Thursday, 20 June 2019 22:42