Print this page

ကလောမြို့ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းနှင့် မူလတန်းကြိုကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 25 June 2019 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ  အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း နှင့် မူလတန်းကြိုကျောင်းတို့ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၂ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊   နား/နှာခေါင်း/ လည်ချောင်းရောဂါ၊  အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊  ဝမ်းပျက် ဝမ်းလျှော ရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍  လိုအပ်သည့်ကျန်းမာရေး  စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။            

(၁ဝဝ)

Read 279 times Last modified on Tuesday, 25 June 2019 08:49