SJ WorldNews - шаблон joomla Авто

ပညာရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေး

Wednesday, 26 June 2019 08:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mrs.Dorothee Janetzke-Wenzel အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဂျာမနီနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ အထူးသဖြင့် ပညာရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

Read 316 times Last modified on Wednesday, 26 June 2019 08:42