Print this page

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H. E. Mrs. Dorothee Janetzke-Wenzel အား လက်ခံတွေ့ဆုံ

Wednesday, 26 June 2019 18:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H. E. Mrs. Dorothee Janetzke-Wenzel အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးနှင့်အတူ ဒုတိယ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ ကျင်းပဆောင်ရွက်မှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်လျက်ရှိသည့်  အခြေအနေများ၊ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေး ဆောင်ရွက်ရာတွင် နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ကာ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိအောင် ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ပြည်သူလူထုက မှန်မှန် ကန်ကန်ရွေးချယ်ပေးနိုင်ရန် လိုအပ်သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် လက်တွေ့ အခြေအနေမှန်များကို နိုင်ငံတကာအဖွဲ့အစည်းများက သိရှိနားလည်ရန်လိုအပ်သည့် အခြေအနေများအား ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 338 times Last modified on Tuesday, 02 July 2019 13:48