SJ WorldNews - шаблон joomla Авто

၂၀၁၉ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Friday, 12 July 2019 08:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၁၁

၂၀၁၉ ခုနှစ် ကမာ့ လူဦးရေနေ့အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ ကျင်းပရာ  ဒုတိယသမတ ဦးမြင့်ဆွေ  တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ ၀င်းမြတ်အေး၊ နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ၀င်းသိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံတမန်များ၊ကုလသမဂအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊    ဌာနဆိုင်ရာ အကြီးအကဲများ၊ သူနာပြုနှင့် သားဖွားဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) မှ   ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယ သမ်္မတ ဦးမြင့်ဆွေက ယနေ့ ကမာပေါ်တွင် လူဦးရေသန်းပေါင်း ၇၇၀၀ ကျော်ရှိနေပြီး၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ သန်းပေါင်း ၈၅၀၀  ခန့်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း၊ ဆင်းရဲသည့်နိုင်ငံများတွင်       လူဦးရေ လျင်မြန်စွာ တိုးပွားနေသော ကြောင့် နောက်ဆက်တွဲစိန်ခေါ်မှုများစွာကိုလည်းရင်ဆိုင်နေကြရကြောင်း၊   လူဦးရေ လျင်မြန်စွာ တိုးပွားလာခြင်းသည် ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များကို   အရောက် လှမ်းနိုင်ရန် အဟန့်အတားများထဲမှ တစ်ခုဖြစ်ကြောင်း။

လက်ရှိ  ကမာ့ နိုင်ငံများတွင် လူဦးရေ ဆုလာဘ်ရရှိနေသည့် နိုင်ငံများရှိသကဲ့သို့ လူဦးရေတိုးပွားမှု နည်းလွန်းခြင်း ကြောင့် သက်ကြီးလူဦးရေ များပြားလာပြီး လုပ်သား အင်အားရှားပါးလာမှု၊ လူမှု ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ ငွေကြေးခွဲဝေ သုံးစွဲမှု စသည့်  ပြဿနာများကို ရင်ဆိုင်နေရသည့်နိုင်ငံများလည်း ရှိနေကြောင်း။

ကမာ့ နိုင်ငံအသီးသီးတွင် ကမာလုံး ဆိုင်ရာ အနေဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံချင်း အနေဖြင့် ဖြစ်စေ အရေးတကြီး ဦးစားပေးဖြေရှင်းရမည့်  လူဦးရေဆိုင်ရာ အကြောင်းအရာများကို ဂရုပြု အာရုံစိုက်မိ လာစေရန်နှင့် အလေးထား အကောင် အထည်ဖော် ဆောင်ရွက်လာစေရန် ကမာ့ လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားများကို ကမာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ် ကျင်းပကြကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမာ့ လူဦးရေနေ့ အခမ်းအနားကို ၁၉၉၀ ပြည့် နှစ်က စတင်ကျင်းပခဲ့ရာ   ယခုနှစ်ဆိုလျှင် အကြိမ်(၃၀)မြောက်ဖြစ်ကြောင်း။

ကမာ့ လူဦးရေသန်း ၅၀၀၀ ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမာ့ လူဦးရေနေ့အဖြစ် ကုလ သမဂက သတ်မှတ်ပေးခဲ့ပြီး  ၁၉၈၉ ခုနှစ်မှစပြီး ယခုလိုအခမ်းအနားများ ကျင်းပလာခဲ့ကြောင်း၊ ကမာနှင့် အ၀ှမ်းကျင်းပ နိုင်ရန် အတွက် ကမာ့ လူဦးရေနေ့ဆောင်ပုဒ် များကို ကုလသမဂလူဦးရေ ရန်ပုံငွေအဖွဲ့က နှစ်စဉ်သတ်မှတ်ပေးခဲ့ရာ ယခုနှစ်ဆောင်ပုဒ် သည် ကတိက၀တ်များကိုအရှိန်အဟုန်မြှင့် ဖြည့်ဆည်းလို့ (၂၅)နှစ်မြောက် ICPD ကို ဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise) ဖြစ်ကြောင်း။

အဆိုပါဆောင်ပုဒ်သည် ယခုနှစ် နိုဝင်ဘာလတွင် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပမည့်(၂၅)နှစ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံ အထိမ်းအမှတ် အခမ်းအနား၏ ဆောင်ပုဒ်လည်းဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏  လူဦးရေဆိုင်ရာဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများ အနေဖြင့်  ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက် အလက် များကို  အခြေခံပြီး  လူဦးရေခန့်မှန်းတွက်ချက်မှုအရ ၂၀၁၉ ခုနှစ်တွင်လူဦးရေ ၅၄ သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၉ သန်းကျော်ခန့်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊   လက်ရှိတွင် လူဦးရေ ဆုလာဘ်ကို   ရရှိနေသည့် အတွက်  ထိထိမိမိအသုံးချနိုင်ရန်နှင့်  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏ အင်အားကို ထိထိ ရောက်ရောက် ထည့်သွင်း အသုံးချရန် လိုအပ်သကဲ့သို့  အနာဂတ်တွင် သက်ကြီး လူဦးရေများပြား လာမည်ဖြစ်သည့် အတွက် လူမှုကာကွယ် စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန် ကြိုတင်ပြင်ဆင်ထား ရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံသည် ICPD တွင် စတင် လက်မှတ် ရေးထိုးချိန်မှစပြီး လုပ်ငန်း လမ်းညွှန်ချက်များကို အလေးထား အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။

မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအခွင့်အရေးများကို လက်လှမ်းမီစေရေးအတွက် မြန်မာနိုင်ငံ၏  ပထမဆုံးသော အမျိုးသား အဆင့်လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးများ (Sexual and Reproductive Health and Rights)  နှင့် စပ်လျဉ်းပြီး မူဝါဒများ ပြင်ဆင် ရေးဆွဲလျက် ရှိကြောင်း။

မျိုးဆက်ပွား ကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့်ကျား၊ မ တန်းတူ ညီမျှမှု ရရှိရေး စသည့် ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်နေသည့်မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ သစ်များ ပေါ်ပေါက်လာနိုင်စေရန် နှင့်ရှိပြီးသည်များကိုလည်း   လက်ရှိအခြေအနေနှင့် ­လိုက်လျောညီ ထွေဖြစ် အောင် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြည်တွင်း၊ ပြည်ပမှဆက်စပ်အဖွဲ့အစည်းများ ပါဝင် လာစေရေးအတွက်  ဖိတ်ခေါ်ဆောင် ရွက်နေသကဲ့သို့ မိမိတို့အစိုးရ၀န်ကြီးဌာနများကလည်း အမျိုးသားရေး တာဝန် တစ်ရပ် အနေဖြင့် မှတ်ယူဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကတိက၀တ်များကို အရှိန်အဟုန်မြှင့်ဖြည့်ဆည်းလို့ (၂၅) နှစ်မြောက် ICPD ကို ဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise) ဆောင်ပုဒ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို Animation Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂဌာနေ ညှိနှိုင်းရေးမှူး လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးမှူး Mr. Knut Ostby က ကမာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် မိသားစုစီမံကိန်းနှင့် ပတ်သက်သည့် ဗီဒီယိုနှင့်၂၀၁၉ ခုနှစ် ကမာ့ လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် ကတိ က၀တ်များကို အရှိန်အဟုန်မြှင့် ဖြည့်ဆည်းလို့ (၂၅) နှစ်မြောက် ICPD ကို ဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise)  ဆောင်ပုဒ်နှင့်ပတ်သက်သည့် Animation Video Clip ကိုပြသသည်။

ယင်းနောက် Association of  Francois-Xavier Bagnoud( AFXB Myanmar) လူငယ်အဖွဲ့က  ငွေရတု သဘင် ညီလာဆင်  ကဗျာကို ရွတ်ဆိုကြပြီး  အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမတ သည် ပြည်ထောင်စု ၀န်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့်  ကမာ့ လူဦးရေနေ့ အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ဒုတိယပိုင်း အစီအစဉ်များကို ဆက်လက်ကျင်းပပြီး   လူဦးရေနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ   နိုင်ငံတကာ ညီလာခံ မတိုင်မီ အခြေအနေနှင့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြောင်းလဲသွားသော အခြေအနေများနှင့် ပတ်သက်၍ အမျိုး သမီးများ၊ လူငယ်များ၏ သဘောထား အမြင်များကို ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားခြင်း တို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။

Read 270 times Last modified on Friday, 12 July 2019 09:06