SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံ

Saturday, 17 August 2019 22:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International  Army  Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ရုရုား-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Mikhail  Arkadievich  Dmitriev နှင့် အဖွဲ့ဝင်များက Metropol  ဟိုတယ်၌ လာရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ  တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရုရှား-မြန်မာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊  စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်တာများ တည်ဆောက်၍ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း စသည့် စီးပွားရေးကဏ္ဍများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေး ကိစ္စများတွင် ကူညီဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချစ်ကြည်ရေးအသင်းများမှ ဆောင်ရွက်ရန် လိုအပ် သည့် အခြေအနေများနှင့် စစ်ဘက်နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက် မှုများတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောငပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 136 times Last modified on Monday, 19 August 2019 09:58