SJ WorldNews - шаблон joomla Авто

နှစ်နိုင်ငံ ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသ တစ်လျှောက် ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Friday, 06 September 2019 11:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ် ကြီး မစ္စဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ်ကို ယနေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မိုင်းရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသ တစ်လျှောက် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read 249 times Last modified on Friday, 06 September 2019 11:02