SJ WorldNews - шаблон joomla Авто

မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည့် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Tuesday, 10 September 2019 10:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့အတွင်း စက်တင်ဘာ ၈ ရက် ညပိုင်းတွင်  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့မရပ်ကွက်၊ နယ်မြေ(၃)၊ အနောက်မြို့ပတ်လမ်းရှိ  ကုန်းသာပရိယတ္တိ စာသင်တိုက်ကျောင်း အတွင်းမှ မြေသားများသည် ကျောင်းအောက်ခြေ အနိမ့်ပိုင်းရှိ နေအိမ်ငါးလုံးပေါ်သို့ ပြိုကျခဲ့ရာ နေအိမ်အနောက်ပိုင်း ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ်ခဲ့ပြီး လူနှင့်   တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အဆိုပါ  မြေပြိုကျမှုဖြစ်ပေါ်ခဲ့သည့် နေရာ၌ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မြေသားများ ရှင်းလင်းပေးခြင်း၊ ပြိုလဲကျနေသည့် သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ယာယီမြေထိန်းနံရံ တည်ဆောက်ရေးအတွက် မျောတိုင်စိုက်ထူ ပေးခြင်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 115 times Last modified on Tuesday, 10 September 2019 12:19