SJ WorldNews - шаблон joomla Авто

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တတိယအစည်းအဝေးကျင်းပမည်

Wednesday, 11 September 2019 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၀

အဋ္ဌမအကြိမ်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တတိယအစည်းအဝေးကို ၁၃၈၁ ခုနှစ်  တန်ဆောင်မုန်း လပြည့်ကျော် (၆၊ ၇၊ ၈၊ ၉) ရက် (၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရက်) တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနှင့် ဗုဒ်္ဓဟူးနေ့တို့တွင် အကြို ညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀၊ ၁၁) ရက် (၂၀၁၉ ခုနှစ်  နိုဝင်ဘာ ၂၁၊ ၂၂ ရက်) ကြာသပတေးနှင့် သောကြာနေ့တို့တွင် အစည်းအဝေး ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများသည် ၁၃၈၁ ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် (၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ရက်) စနေနေ့အရောက် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမာအေးကုန်းမြေ မဟာနာယက ကျောင်းတော်ကြီးသို့ ကြွရောက် တော်မူရန်ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိ သည်။

Read 34 times Last modified on Wednesday, 11 September 2019 09:44