SJ WorldNews - шаблон joomla Авто

မြန်မာ- ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေးဆွေးနွေး

Wednesday, 11 September 2019 09:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၀

နိုင်ငံတော်သမတ ဦးဝင်းမြင့်သည်  တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး Ms. Karen  MacArthur အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမတ အိမ်တော် ဧည့်ခန်း မဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  မြန်မာ-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊  သဘာဝ ဘေးအနရာယ်မှ ပြန်လည် ထူထောင်ရေး၊ ကျန်းမာရေး၊ အမျိုးသမီး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်း စာနာထောက်ထားရေး စသည့် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

               

Read 34 times Last modified on Wednesday, 11 September 2019 09:48