SJ WorldNews - шаблон joomla Авто

တပ်မတော် အကြီးအကဲများနှင့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ တရားစွဲ ဆိုထားမှုအား တပ်မတော်မှ သဘောထား ကြီးစွာဖြင့် အမှုပိတ်သိမ်းကျေ အေးပေးသည့်အတွက် မိမိနှင့်အတူ ကချင်ပြည်နယ် လူထုနှင့် အသင်းအဖွဲ့များမှလည်း ကျေးဇူးတင်

Friday, 13 September 2019 09:14 font size decrease font size decrease font size increase font size increase font size

တပ်မတော် အကြီးအကဲများနှင့် တပ်မတော်သားများ၏ ဂုဏ်သိကာကို ညှိုးနွမ်းစေရန် ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ တရားစွဲ ဆိုထားမှုအား  တပ်မတော်မှ သဘောထား ကြီးစွာဖြင့် အမှုပိတ်သိမ်းကျေ အေးပေးသည့်အတွက် မိမိနှင့်အတူ ကချင်ပြည်နယ် လူထုနှင့် အသင်းအဖွဲ့များမှလည်း ကျေးဇူးတင် ရှိပါကြောင်းဖြင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥကဋ္ဌက  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံရာတွင် ပြောကြား

နေပြည်တော် စက်တင်ဘာ   ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥကသိကာတော်ရ ဆရာတော်   ဒေါက်တာ ခလန်ဆန်ဆွမ် နှင့်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင်  အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ ရန်ကြီးအောင်ရိပ်သာ ဧည့်ခန်းမဆောင်၌  လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ   တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဋ္ဌ နှင့်အတူ သိကာ တော်ရ ဆရာတော်   ဦးဖော်ရော် တူးမိုင်၊ ဆရာ ဖော်ယမ်ခါးလီ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့  PCG မှ  ဦးလမိုင်ဂွမ်ဂျာနှင့် ဦးခပ်ပရာခွန်းအောင်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့်လျှောက်လှမ်း နေသည့် အတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အလွန် အရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူများအနေဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လိုလား လက်ခံရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ပတ်သက်၍ တိုင်းရင်းသားအားလုံးကို ခွဲခြားထားခြင်း မရှိဘဲ တစ်ပြေးညီ သတ်မှတ်ထားပြီး မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ် ရမည်ဖြစ်ကြောင်း၊ ဘာသာရေးနှင့် ပတ်သက်၍ ကိုးကွယ်သည့် ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီးဖြစ်သည့်အတွက် ဘာသာရေး အကြောင်းပြ ကာ မလိုလားအပ်သည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ပဋိပကများ မဖြစ်စေလိုကြောင်း၊ တိုင်းပြည်တိုးတက်ပြီး တည်ငြိမ် အေးချမ်းရန်အတွက်  နိုင်ငံရေး အရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရတည်ငြိမ်အေးချမ်းရန်လိုကြောင်းနှင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်း သားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြ ရန် တာဝန်ကိုယ်စီ ရှိကြောင်း ပြောကြားသည်။

ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC) ဥကဋ္ဌက တပ်မတော် အကြီးအကဲများနှင့် တပ်မတော်သားများ၏  ဂုဏ်သိကာ ကို ညှိုးနွမ်းစေရန် ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ တရားစွဲဆိုထားမှုအား တပ်မတော်မှ သဘောထားကြီးစွာဖြင့် အမှုပိတ် သိမ်း ကျေ အေးပေး သည့်အတွက် မိမိနှင့်အတူ ကချင်ပြည်နယ် လူထုနှင့် အသင်းအဖွဲ့များမှလည်း ကျေးဇူး တင်ရှိပါ ကြောင်း၊ မိမိအနေဖြင့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေရန် မရည်ရွယ်ဘဲ ရိုးသားစွာဖြင့် ရုတ်တရက် ပြောဆို ခဲ့ခြင်းသာ ဖြစ်ပြီး ထိခိုက်သွားစေမှု အတွက် စိတ်မကောင်းဖြစ် ၀မ်းနည်းရပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းမှု ရရှိရေးကိစရပ်များ၊ IDP များ နေရပ်ပြန်နိုင်ရေး ဆိုင်ရာ ကိစရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစရပ်များနှင့်    တိုင်းရင်းသား ပြည်သူအားလုံး  အတူတကွ စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက် ဆောင်ရွက် သွားရန် လိုအပ်သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC) ဥကဋ္ဌနှင့် အဖွဲ့ဝင် များအား အမှတ်တရလက်ဆောင်ပစည်းများ ပေးအပ်ခဲ့ပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

...........              

 

 

Read 96 times Last modified on Friday, 13 September 2019 09:17